Part36

243 4 0
                                    

နှင်းတောင်မှာတော့နှင်းတွေတဖွဲဖွဲနှင့်အလွန်အေးစက်လှ၏။ရန်ကုန်မြို့ရဲ့အပူကိုသာခံစားလာတဲ့သူတွေမျှတော့အတော်လေးကိုအေးစက်လှ၏။တောင်ကိုတော့သိပ်မြင့်တဲ့နေရာကိုတော့မသွားပဲနဲ့နည်းနည်းမြင့်သည့်နေရာကိုသာတက်ခဲ့ကြ၏။

ကိုယ်ဝန်သည်သည်ပါတာကြောင့်ရောလူကြီးတွေပါ ပါတာကြောင့်အပေါ်ထိမတက်ခဲ့ကြတာဖြစ်သည်။

"အဖေလုပ်ပါ၊နော်...နော်လို့တစ်ခါပါပဲနော်..."

"မရဘူး!ကိုယ်ဝန်ကြီးနဲ့မရဘူးဆိုမရဘူးပဲ!!"

ဒီအခြေနေကတော့ ချမ်းကနွေကစားနေသလိုပြေးလွှားချင်တာပင်။လူကတော့မိခင် ဖြစ်တော့မယ်ဆိုပေမဲ့ကလေးကတော့လုပ်ချင်သေး၏။

"ဘိုးဘိုး၊သမီး..."

"မရဘူး!ချမ်းမြေ့ဉီး!ကလေးလည်းမဟုတ်ငြိမ်ငြိမ်ထိုင်နေ!"

"ဟွန့်!ဘာမှန်းမသိဘူး!အဲ့ဆိုလည်းပြန်ပြီး!ဟွန့်!"

"ဒီကလေးတော့!နေအုန်းချမ်း!ပြုတ်ကျမယ်ချမ်း!"

အတင်းကိုမြန်မြန်လျှောက်နေသည့်သမီးဖြစ်သူကိုသူကပဲစိတ်မချတော့တဲ့အဆုံးလိုက်ထိန်းပြီး၊ချော့ရအုန်းမည်။သူမှာလည်းကလေးတွေအသက်ကြီးသွားလို့အေးဆေးများနေရမလားလို့ သူကလေးတွေကငယ်ငယ်တုန်းကထက်တောင်ပို၍ကလေးဆန်နေကြသေးသည်။

"ငါ့နှယ့်နော်!ငါ့နှယ့်!အဲ့တာများငါ့ကိုမြန်မာပြည်မှာလာနေခိုင်းသေးနေတယ်ဟေ့!"

ဉီးမာန်မျိုးမင်းလည်းတဲတစ်ခုတွင်ထိုင်ရင်း၊ကော်ဖီသောက်နေရင်းပင် ဟန်ပါပါတစ်ချက်အော်ဟစ်လိုက်လေ၏။

နွေကတော့သူသဘောကျသည့်နှင်းများကြားတွင်ဝက်ဝံပေါက်လေးလိုတောင်ပြေးလွှားနေလိုက်တာများတော်တော်လေးပျော်နေသည်ဆိုတာတွေ့မြင်နိုင်သည်။မာန်လည်းသူ့ကလေးပျော်နေတာကိုကြည့်ပြီးစိတ်ထဲမှာတော်တော်လေးပီတိတွေဖြစ်နေလောက်မည်။

"နွေ၊သိပ်ပြီးမပြေးနဲ့နော်ခနနေတော်ပြီးအေးတယ်၊ကိုပြောတာကြားလား"

"ဟုတ် ကိုကို"

မာန့်ဘက်တောင်လှည့်မကြည့်ပဲနှင်းတွေနဲ့ဆက်ဆော့နေပါသေး၏။မာန်လည်းနွေအေးမှာဆိုးလို့အနွေးထည်တစ်ထည်ကိုယူဖို့တဲကိုခနပြန်ဖို့နွေ့ကိုပြောခဲ့လိုက်ပါ၏။

ရန်ညိုးနဲ့အချစ်Hikayelerin yaşadığı yer. Şimdi keşfedin