Final

608 8 0
                                    

{၁၀နှစ်ကြာပြီးချိန်}

သာယာတဲ့မနက်ခင်းလေးတစ်ခုကဆောင်းရာသီမို့အေးစိမ့်နေ‌ေလ၏။မိသားစုလေးတစ်ခုကတော့ဆောင်းရာသီနှင့်ဆန့်ကျင်ဘက်ဆိုသလိုနွေးထွေးနေလေသည်။အခုဆိုသူတို့မိသားစုလေးဟာတစ်နှစ်ပြီးတစ်နှစ်မိသားစုဝင်လေးတွေဟာလည်းတိုးဝင်လာလေသည်။

အခုချိန်သူတို့ရဲ့ဒုတိယမိခင်ဒေါ်ထိပ်ထားကြွယ်သာရှိနေသေးခဲ့ရင်ပျော်စရာသိပ်ကောင်းနေလိမ့်မည်။အခုဆိုသူတို့မိခင်ဆုံးပါးသွားတာ၁၆နှစ်တောင်ရှိနေပြီးဖြစ်သည်။ဉီးသတိုးထိုက်ဉီးကလည်းသူ့ဇနီးမယားဆုံးသွားပေမဲ့လို့ပထမဇနီးကိုပြုမှုခဲ့သလိုနောက်အိမ်ထောင်ထက်မပြုတော့ပေ။အခုချိန်ထိသူ့ဒုတိယဇနီးကိုမမေ့လျော့နိုင်သေးပေ။

အခုဆိုသူ့မှာနောက်ထပ်မြေးလေးတောင်ရှိနေပြီး။သမီးဖြစ်သူရဲ့သားရယ်သားဖြစ်သူရဲ့သားရယ်ဆိုသူ့မှာမြေးနှစ်ယောက်တောင်ရှိလို့နေပြီး။နွေဘွဲ့ရပြီးတာနဲ့သားဖြစ်သူဆန္ဒကြောင့်နွေဘွဲ့ရပြီးပြီးချင်းကလေးယူဖို့နိုင်ငံခြားအထိသွား၏။ဒီမှာပဲလုပ်လို့ရပေမဲ့သူစိတ်မချဘူးတဲ့‌ေလ၊သူ့သဘောဆန္ဒအတိုင်းနိုင်ငံခြားထိသွားကြရ၏။ကလေးယူဖို့လုပ်တုန်းကနွေ့အတွက်အနည်းငယ်ခက်ခဲခဲ့သည်၊ကလေးမွေးတဲ့အချိန်မှာလည်းအသက်သေမလိုတောင်ဖြစ်ခဲ့ရသည်။အဲ့အချိန်တုန်းကမာန်ရဲ့ကမ္ဘာအပျက်ဆုံးအချိန်ဆိုမမှား၊မျက်ရည်ကျခဲတဲ့သူကအရေးပေါ်ခန်းရှေ့မှာရှိုက်ကြီးတငင်ကိုငိုနေလေ၏။သူ့သားလည်းမွေးရောအပြုံးမျက်နှာကဖော်ပြမတက်အောင်ပင်၊အဲ့တုန်းကဆိုနွေမှာအတော်လေးပင်ပန်းခဲ့ရတာ၊နောက်ထပ်ကလေးထပ်မယူကြဖို့တောင်အကြောက်အကန်ပြောခဲ့သည်လေ၊မာန်ကလည်းနွေ့သဘောလို့တာပြော၏။

.
.

"သား၊ကျောင်းမှာရန်ဖြစ်ခဲ့တယ်ဆို!"

"ပါးပါးကလဲ အဲ့ကောင်ကအရင်လာစလို့ပါ၊ဒယ်ဒီတောင်သားကိုဘာမှမပြောတဲ့ဟာကို!"

"ဘယ်ပြောမလဲ၊သူကသားကိုမြှောက်ပင့်နေတဲ့ဟာကို၊ကလေးကိုဆုံးမမယ်မရှိဘူး ရန်ဖြစ်တာကိုအနောက်ကလိုက်ရှင်းပေးမယ်သားကြိုက်သလောက်ရန်ဖြစ်ဆိုတာကပါသေး!"

ရန်ညိုးနဲ့အချစ်जहाँ कहानियाँ रहती हैं। अभी खोजें