Part26

362 6 0
                                    

"ကိုကိုရေ.."

ဒီနေ့ကကျွန်တော်နဲ့ကိုကို၂လပြည့်တဲ့နေ့လေးပေါ့။ဖေဖေကအစကတော့လက်မခံပေမဲ့နောက်ပိုင်းကြတော့တစ်ဖြည်းဖြည်းတော့ကြည်ဖြူလာပါတယ်။ကိုကိုကလည်းကျွန်တော်ဂရုစိုက်တယ်ဗျ၊ဘယ်သူနဲ့မှတွဲသွားတွဲလာလုပ်တာမကြိုက်ဘူး၊တွေ့ရင်လည်းအဲ့နေရာမှာအဲ့လူကအရှက်ဗျန်းဗျန်းကွဲတာပဲ၊အရှက်မကွဲရင်မျက်နှာကတော့စုတ်နေကြ။ကျွန်တော်တားလည်းခနပဲ။ကျွန်တော်မွန်းကျပ်ပေမဲ့ကျေနပ်ပါတယ်။

"ကိုကို အိပ်နေသေးတာလားဟင်"

မနက်၉နာရီထိုးနေပြီးမို့မာန်မဆင်းလာသေးတာကြောင့်တက်လာခေါ်ခြင်းပင်။သူတံခါးခေါက်ပြီးခေါ်နေပေမဲ့ထူးသံလေးတောင်မကြားတာကြောင့်အထဲဝင်ဖို့သာလုပ်ပါတော့သည်။

"နွေ ဝင်လာမယ်နော်"

ကိုကိုနဲ့စတွဲတဲ့နေ့ကစပြီးကိုကိုကကျွန်တော့်ကိုသားလို့မသုံးနှုန်းခိုင်းပဲ"နွေ"လို့သာသုံးနှုန်းခိုင်းပါတော့သည်။

အခန်းထဲဝင်သွားတော့ရေချိုးခန်းထဲကရေသံကြောင့်မာန်ရေချိုးနေသည်ဆိုတာကိုသိ၍ခနစောင့်ဖို့လုပ်လိုက်ပါသည်။စောင့်နေရင်းစားပွဲပွဲမှာရှုပ်ပွနေသည့်ပစ္စည်းတွေကိုကောက်သိမ်းပေးလိုက်ပါသည်။

စားပွဲကိုရှင်းနေရင်းသူ့ကိုယ်ရေစက်များကြောင့်အနောက်ကိုလှည့်ကြည့်လိုက်ပါသည်။မာန်ကအပေါ်ပိုင်းဗလာနှင့်အောက်ပိုင်းကိုတော့သပတ်တစ်ထည်ဖြင့်သာပတ်ထားပါသည်။သူ့ကိုယ်ပေါ်ကကြွက်သားများကငယ်ငယ်ထက်တောင်ပို၍ထွားကြိုင်းလာပါသည်။ဗိုက်ပေါ်ကအဖုအထစ်များကိုက်ချင်စရာကိုကောင်းနေလေသည်။ခေါင်းလျော်လာ၍ထင်သည်ဆံပင်ပေါ်တွင်ရေများကစီးကျလို့နေသည်။

"ဟို...နွေကကိုကိုဆင်းလာတာမတွေ့သေးလို့လာခေါ်တာပါ"

"........."

"ဟိုဟာ...!ဟို..အ..အဝတ်လဲလိုက်အုန်းနော်နွေအောက်မှာမနက်စာပြင်ထားပေးမယ်ကိုကို"

မာန်ကဘာစကားမှမပြောပဲနွေ့ကိုသာငုံ့၍ကြောင်ကြည့်နေပါသည်။နွေကနွေရာသီမို့ပိုလို့ဘောင်းဘီတိုနဲ့T shirtကိုတွဲဝယ်ထားသည်ကြောင့်ပေါင်တံဖွေးဖွေးလေးကအထင်အရှားပင်။

ရန်ညိုးနဲ့အချစ်Wo Geschichten leben. Entdecke jetzt