Part27

331 8 3
                                    

"အဲ့ကောင်ဆီသွားမယ်အဖေ!!"

ချမ်းကိုအိမ်မှာခနနားခိုင်းဖို့အရင်ပို့လိုက်ပြီးမာန်ကတော့ ချမ်းရဲ့ကောင်လေးဆီသွားဖို့ကား‌ေပါ်မှာကား‌ေမာင်း‌ေနရင်းသတိုးကိုပြောနေခြင်းပင်။ချမ်းကတော့သူဆီမသွားတော့ဖို့၊ဘာမှသွားမပြောတော့ဖို့နဲ့ဒီကလေးကိုသူတစ်ယောက်ထဲလည်းပျိုးထောင်နိုင်တယ်လို့ပြောပေမဲ့မာန်နဲ့သတိုးကတော့ငြိမ်ခံမနေနိုင်ပေ။

"အင်း!သွားကြတာပေါ့!"

"အွန်း!"

"သားသူဘယ်မှာရှိလည်းသိလို့လား"

"သိတယ်!"

"အင်း!တော်တယ်သား"

"............"

"သားလည်းတာဝန်ယူတက်တဲ့ယောင်္ကျားဖြစ်အောင်နေပါသား!ကိုယ်လုပ်တဲ့ဘယ်ကိစ္စမဆိုတာဝန်ယူတက်ရမယ်!အဖေပြောတာနားလည်လားသား!"

"အင်း!"

"နွေကိုအဖေ သားနဲ့စိတ်ချလို့ရတယ်မို့လား?"

"စိတ်ချပါ!!"

"အင်း"

စကားကိုအဆုံးသတ်လိုက်ကြပြီးတည်နေရာကိုသာအာရုံစိုက်၍သွားနေကြလေသည်။
.
.
.
၁၀မိနစ်လောက်ကြတော့Hotelတစ်ခုတွင်ရပ်လိုက်ကြပြီးအထဲကိုလျင်မြန်စွာဝင်သွားကြလေသည်။သူတို့အထဲရောက်တော့အားလုံးကသူတို့ကိုဉီးညွှတ်ကြတော့မာန်ကနည်းနည်းတော့အံ့ဩသွားလေသည်။

"ဒီနယ်တစ်ဝိုက်က Hotel တွေနေရာတော်တော်များများကိုအဖေပိုင်တယ်လေ၊သားကိုတော့အားလုံးတော့မပြောပြရသေးဘူး နောက်မှအေးဆေးပြေပြမယ်"

"အွန်း!"

ဓာတ်လှေကားအပေါ်ကိုတက်သွားကြပြီးဒုတိယထပ်ရဲ့အခန်းနံပါတ်၃၀ကိုသွားနေကြပါသည်။

ဒေါက်..ဒေါက်..

အခန်းရှေ့ရောက်တော့မာန်ကတံခါးခေါက်လိုက်လေသည်။အတော်ကြာကြာမဖွင့်သေးတာကြောင့်မာန်ကထပ်ခေါက်လိုက်လေသည်။

ဒေါက်..ဒေါက်..ဒေါက်..ဒေါက်..

ခနလောက်ကြတော့တံခါးကိုမိန်းကလေးတစ်ယောက်ကလာဖွင့်ပေးလေသည်။အဲ့မိန်းကလေးကစောင်တစ်ထည်ကိုသာဖရိုဖရဲခြုံထားလေသည်။

ရန်ညိုးနဲ့အချစ်Where stories live. Discover now