Part18

397 7 0
                                    

"နွေလေးကတော့ စိုးရိမ်စရာမရှိတော့ပါဘူး"

ကျောင်းဆေးပေးခန်းမှာပဲနွေ့ကိုသွားပြလိုက်ပါလေသည်။အဲ့ကဆရာဝန်ကနွေ့နဲ့ရင်နှီးတဲ့သူမို့တစ်ခြားသူတွေလိုနွေလို့ပဲခေါ်ပါသည်။နွေကဒီကျောင်းပေးခန်းကိုခနခနလာတာလည်းပါသည်ပေါ့။

မာန်ကတော့ဘေးကနေမျက်နှာသေကြီးနှင့်ကြည့်ပြီးငြိမ်နေရင်းနွေ့ကိုစောင့်နေပါသည်။နွေကတော့ဆေးပေးခန်းရောက်တော့နည်းနည်းသက်သာသွားသည်ထင်ပါသည် ခနကလိုတော့မအော်တော့ပေ။မာန့်ကိုလည်းခနခနကုတင်ကနေမော့မော့ကြည့်လေသည်။မာန်နဲ့မျက်လုံးချင်းဆုံပြန်ရင်လည်းကြောက်ရသေးသည်။

မော်ထင်းကိုတော့ကျောင်းကသန့်ရှင်းရေးကတွေ့သွားတော့ကျောင်းဆေးပေးခန်းကိုခေါ်သွားပါလေသည်။ကျောင်းမှာကဆေးပေးခန်းကအ‌ေဆာင်တိုင်းရှိပါသည်။ဒီကိစ္စကိုတော့ကျောင်းအုပ်ကပြောမည်မထင်ဘာလို့ဆိုမာန့်အာဏာကသူထက်ကြီးသည်ကို။

"ကလေးကိုအိမ်ပြန်ပို့ရင်ပို့လိုက်ပါလား ဒါမှမဟုတ်လည်းချမ်းလေးကိုခေါ်...."

"ကျွန်တော်ပို့လိုက်မယ်!!"

ဆရာဝန်ကချမ်းကိုခေါ်ဖို့ပြောလို့တောင်မဆုံးလေသံမာကြီးနှင့်ပြောချလာလေသည်ကြောင့်ဆရာဝန်ပင်အံ့ဩသွားရလေသည်။ဘာလို့ဆိုမာန့်အကြောင်းသူပါမကတစ်‌ကျောင်းလုံးပါသိလေသည်လေ အဲ့ကြောင့်ပင်။

"ဟို.....!"

"ပို့လိုက်မှာမို့!ဒါပဲမလား!!"

"အမ်...!ဒါပါပဲ ခေါ်သွားလို့ရပါပြီး!!"

"........."

ဆရာဝန်စကားအဆုံးနွေ့ကိုချီဖို့လုပ်လိုက်ပါလေသည်။

"ရ..ရပါတယ် သားကိုယ့်ဘာသာသွားပါ့မယ်"

"စောက်စေတနာပျက်အောင်မလုပ်နဲ့နွေဉီးမောင်!!"

သူ့နာမည်ကို‌အသံမြင့်ဖြင့်ပြောလိုက်သည်ကြောင့်သူလန့်သွားလေသည်။ဆရာဝန်ကနွေ့ကိုမအော်ဖို့ပြောချင်ပေမယ့်သူလည်းမပြောရဲပေ။

မာန်လည်းနွေ့ကိုအရုပ်တစ်ရုပ်လိုကောက်ချီလိုက်ပြီးဆေးပေးခန်းကနေထွက်လာလေသည်။ဆေးပေးခန်းကနေအထွက်ချမ်းရဲ့အော်သံကြောင့်သူ့ခြေလှမ်းတွေကိုရပ်လိုက်လေသည်။

ရန်ညိုးနဲ့အချစ်Where stories live. Discover now