မိတ်ဆက်ခြင်း intro

2.5K 56 1
                                    

မယားပါသား  မိတ်ဆက်ခြင်း intro

ကျယ်ဝန်ပြီး အလင်းရောင် အနည်းငယ်သာ ရှိသော အခန်းထဲ၌ ပစ္စည်းများ သပ်ရပ်မှု မရှိ ရှုပ်ပွနေ ၏ ။ ကြမ်းပြင်၌လည်း အဝတ်အစားများ ပြန့်ကျဲနေသည်။

ငိုသံများလည်း သဲ့သဲ့လေး ကြားနေရသောကြောင့် ထိုအခန်း၌ တစ်ခုခုဖြစ်ခဲ့ပုံရသည်။

ကုတင်ပေါ်၌ အိပ်နေသော ဦးခွန်ဥက္ကာ ၏ ဘေး၌ ရှိုက်ကြီးတငင် ငိုနေတဲ့ အသက် 18 နှစ်အရွယ် တေးသံ ။

သူ့ဘဝ ပျက်သည် ဆိုသော အတွေးထက် အမေ ဖြစ်သူ၏ နောက်ယောက်ကျားနှင့်  မှားခဲ့ရလားဆိုတဲ့ အတွေးက ပိုလို့ပင် နာကျင်ရ၏ ။

အမေရဲ့နောက်ယောကျာ်း ဆိုတာထက် ကျေးဇူးရှင်ဆို ပိုမှန်လိမ့်မည်။ ဦးက ကျနော့်တို့ သားအမိနှစ်ယောက်ကို ဖြူဖြူစင်စင်ပဲ စောင့်ရှောက်ခဲ့တယ်။

အမေ့ရဲ့ အသည်းကင်ဆာ ရောဂါကို ကုဖို့ ငွေးကြေးများစွာဖြင့် ထောက်ပံ့ပေးခဲ့တယ် ။ ဒါကို ပတ်ဝန်းကျင်က တစ်မျိုးတစ်ဖုံတွေပြောလာတာကြောင့် ဦးက အမေ့ကို ဟန်ဆောင်လက်ထပ်ပြီး သူ့အိမ်ပေါ် ခေါ်တင်ထားတာလေ ။ မကြာပါဘူး အမေ ဆုံးပါးသွားခဲ့တယ်။ ကျနော် ထိုနေ့က အားကိုးမဲ့နေခဲ့တယ်။ ဦးက ကျနော့်ဘေးမှာ အမြဲတမ်းရှိနေခဲ့တာပေါ့။

တစ်ညတော့ ဦးပါတီက အပြန် အရက်မူး၍ ပင် ။ထိုညကို ပြန်မြင်ယောင်တိုင်း ကြောက်ရွံမိ၏

"တေး  တေး  မင်းဘယ်မှာလည်း"

တေးသံဆိုသော ကျနော့် နံမည် အဖျားလေးကို ရေရွတ်ရင်း ဦး ဝင်လာ၏

"ဦး ဘာလို့ ဒီလောက်တောင် သောက်လာရတာလည်း ။ ဆရာဝန်က အရက်ကို များများ မသောက်ရဘူးလို့ မှာထားတယ်လေ။ လာ တေး ဦးခန်းထဲကို လိုက်ပို့ပေးမယ်"

အသက် 38 နှစ်အရွယ် ဦးက နုပျိုနေစဲ ။ ဆံပင် တွေက နဂိုမူလအတိုင်း အနည်းငယ် တွန့်ကြေနေသည်ကား စွဲဆောင်မှု တစ်ခုပင် ဖြစ်လိမ့်မည်။
အော် မေ့နေတာ ဦးမှာ အရင်မိန်းမနဲ့ ရတဲ့ သားနှစ်ယောက် ရှိသေးတယ်လေ။

ဦးက ဘာအကြောင့်ကြောင့် တေးနဲ့ တေးအမေကို စောင့်ရှောက်ခဲ့တာလည်း??

မယားပါသားWhere stories live. Discover now