Part-6

925 27 3
                                    

"တေးက ဒူးဘိုင်းမှာ သားရိန် နဲ့ လက်ထပ်ထားတယ် ဟုတ်လား ။"

"ဟုတ်တယ် ကြီးမြ ။ ဘယ်နဲ့လည်း ကျနော် လူရွေးမှန်တယ်မလား"

ကြီးမြ ဖြေရခက်နေပုံပင် ။ အဖေရော သားနှစ်ယောက်လုံးက တေးအပေါ်မှာ သာမန်အချစ်နှင့် မဟုတ်ချေတာ ခန့်မှန်းမိပါရဲ့။

"သူရ မင်း ချစ်သူ ရနေပြီဆို ငါ့ကို ဒယ့်ဒီ ပြောတယ် ။ သူ့ကို လက်ထပ်ခွင့်တောင် တောင်းလိုက်ပြီလီု့လည်း သိထားသေးတယ်နော် ။ အကိုတို့နဲ့ မိတ်ဆက်ပေးဖို့ အိမ်ခေါ်လာတော့လေကွာ"

ခွန်းသူရမောင် လက်ထပ်ခွင့် တောင်းထားတာ တေးသံ ဆိုတာ ခွန်းသူရိန်လင်း တစ်ယောက် မသိချေ

မောင်လည်း ဟန်ဆေင်ပြီး ပြုံးရှာပါတယ် ။ တေး နေရထိုင်ရ ခက်မှာဆိုးလို့လေ။

တေးခမျာလည်း ထိုစကားကြောင့် လက်မှ လက်စွတ်လေးအား အသာလေး ဖုံးထားမိ၏ ။ ဘာလို့ဆို မောင့်ကို အန္တရာယ်ဖြစ်မှာစိုးလို့ ထင်ပါတယ်။

"ကျနော် ခေါ်လာခဲ့ပါမယ် ။ အကိုအတွက် ဂုဏ်ယူပါတယ်။ ဒီလောက် ချောပြီး ချစ်စရာကောင်း တဲ့ ကောင်လေးမျိုးကို ပိုင်ဆိုင်ခွင့် ရတာနဲ့တင် အကိုဘဝက ပျော်စရာကောင်းနေပါပြီ"

"မင်းကတော့ အစ်ကိုဆီက ဘာလိုချင်လို့ မြှောက်နေပြန်ရတာလည်း ။ မင်းပြောမှ အကို အဲ့လောက် ကံကောင်းမှန်း သိတော့တယ်"

တေး ထမင်းဝိုင်ထဲမှ ထွက်လာချင်မိသော်လည်း ခွန်းသူရိန်လင်း က တေးလက်ကို တစ်ချိန်လုံး ကိုင်ထာချေ၏

ဦးခွန်ဥက္ကာ ထိုအပြုအမူကို လွန်စွာမှ သဘောမကျချေ။

"ထမင်း အရင်စားကြရင် ကောင်းမယ်။ ပြီးမှ စကား အေးဆေ ပြောကြပေါ့"

"ဟို... တေးကို ခနခွင့်ပြုပါဦး ။ သန့်စင်ခန်း ခနသွားချင်လို့။"

"ကိုကို လိုက်ပို့ပေးရမလား တေး ။ "

"ရပါတယ် ။ ပြန်ရောက်လာတုန်း စကားစမြည် ပြောလိုက်ပါ။ ခွင့်ပြုပါဦး "

တေး အမြန်ပင် ထွက်လာလိုက်၏။
မောင့်ရဲ့ မျက်နှာဝိုင်းလေးကို သူ မကြည့်ရက်နိုင်တာကြောင့်
ထွက်လာရခြင်းပင်။

မယားပါသားWhere stories live. Discover now