Part-7

835 26 0
                                    

"တောင်းပန်ပါတယ် တေး ။ ငါ မင်းကို ချစ်တဲ့ အရိပ်အရောင် မပြနိင်သေးတာ ရက်စက်တယ်လို့ မထင်လိုက်ပါနဲ့နော် ။ ပထမဆုံး စတွေ့ကတည်းက ချစ်မိသွားတဲ့ ငါကို မင်းက လူယုတ်မာလို့ ထင်နေမှာပေါ့ ။ "

ဝရံနာ ထက်မှာ ဆေးလိပ်သောက်ရင်း တစ်ယောက်တည်း တွေးမိနေသော ခွန်းသူရိန်လင်း ။

ထိုနည်းတူစွာ ဦးခွန်ဥက္ကာ တစ်ယောက် တေးကို စိတ်ချမ်းသာဖို့
ကွယ်ရာက ဖန်တီးပေးမည်။ ရစ်ချက်နှင့် တေးမိခင် အခြေအနေ
ဖုန်းဆက်မေးနေ၏

"ရစ်ချက် တေးအမေ အခြေအနေရော အဆင်ပြေလား"

"သူဌေးရော အဆင်ပြေလာဟင် ။ အခုဆို တေးကို ချစ်ရတာ
ပိုပြီး ခက်ခဲသွားမှာပေါ့နော်"

"ဟူး.... အေးကွာ ငါ အဲ့အကြောင်းတွေးမိတိုင်း ငါ့ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်နေပြီ ရူးတော့မှာပဲ "

"သူဌေး တေးကို ဖွင့်ပြောလိုက်သင့်ပြီ ။ ခွန်းသူရိန်လင်း နဲ့
ခွန်းသူရမောင် တို့ မရှိတဲ့ အဝေးတစ်နေရာကို တေးကို ခေါ်
သွားပြီး ရင်ဖွင့်လိုက်ဗျာ ။ ဒါဆို သူဌေး အတွက် အဆင်ပြေ
သွားလိမ့်မယ်"

ဦးခွန်ဥက္ကာ အနည်းငယ် စဥ်းစားမိပါရဲ့ ။ တေးကို သူချစ်နေတယ်ဆိုတာ တေးသိခွင့်တော့ ရှိသေးတယ်မလား။ ဘာပဲ ဖြစ်ဖြစ် အရှုံးနဲ့ အမြတ်ပဲ လေ

"Ok မနက်ဖြန် LYT ကိစ္စနဲ့ တေးကို အပြင်ခေါ်သွားလိုက်မယ် ။
ငါချစ်နေတဲ့အကြောင်း တေးသိအောင် ဖွင့်ပြောမှ ရမယ်"

ဒါက အခြအနေတစ်ခုကို ပြောင်းလဲသွားစေမလား ။
အဖေတစ်ယောက်အနေနဲ့ အတ္တကြီးမိပြီလား ဆိုတဲ့
အတွေးများကို ဖယ်ထုတ်ကာ လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်မိ၏

မနက်အလင်းရောင်က စိတ်လှုပ်ရှားမှု အပြည့်နှင့်
လင်းလက်လာ၏

ထိုအလင်းရောင်နှင့်အတူ ခွန်းသူရိန်လင်း တစ်ယောက် တေးကို
နက်ရှိုင်းသော အသံနှင့် နှိုးနေ၏

"တေး... တေး.. အခုထ မင်းကိုငါ စောစောထရမယ် ပြောမထားမိဘူးလား ဟမ်။ ငါစားဖို့ မင်းကိုယ်တိုင် ချက်ရမယ် ဆိုတာ
နည်းနည်းလေးမှ နားမလည်ဘူးလား ။ ကိုယ်ယောကျာ်းက
မနက်ဆို အလုပ်သွားရမှာလေ မင်း ဝတ္တရားနားမလည်ဘူးလား"

မယားပါသားWhere stories live. Discover now