Part-1

1.9K 43 1
                                    

မန္တလေး ကားလမ်းမကြီး၏ ဘေး ။ လူသွားလမ်းဘောင်၌ "တေးသံ" ဆိုသော လူငယ်လေး တစ်ယောက် မရပ်မနား ပြေးနေ၏

ကြည့်ရတာ မောပန်းနေပုံရပေမဲ့ ရှေ့သို့သာ ဦးတည်ပြေးနေသည်မှာ တစ်စုံတစ်ရာ ကြောင့်များလား ။

မကြာမီ တစ်ထပ်အိမ် ပုံသဏ္ဍာန် တိုက်အိမ်ထဲသို့ ဝင်သွားလိုက်သည်။ အိမ်က သေးပေမဲ့ သပ်ရပ်သန့်ရှင်းနေ၏

"မေမေ ခင်ဗျ တေး ပြန်ရောက်ပြီ ။"

"တေးသံ ပြောစမ်းပါဦး ။ ဘာလို့ နောက်ကျရတာလည်း။ LYT cafe လူကျနေလို့တော့ မပြောနဲ့နော် "

အမေ့ဖြစ်သူ ဒေါ်ဒေဝီ စကားမဆုံးသေးခင်မှာပဲ တေးသံတစ်ယောက် သူ၏ အိတ်ထဲရှိ ပိုက်ဆံ တစ်သောင်းတန် အုပ်အား အမေဖြစ်သူထံ ပေးလိုက်၏

"မေမေ...... တေး ကို ဘာမှ ပြန်မမေးပါနဲ့နော် ။ဒါ တေးရဲ့cafe ဆိုင် က ရတဲ့ ဝင်ငွေ  ကို မေမေ ကို ကန်တော့တယ် ။  တေး ရေချိုးပြီ အိပ်တော့မှာမို့ မေမေ မဆူပါနဲ့တော့နော် ။ "

ထိုသို့ပြောပြီး သူ၏ အခန်းရှိရာဘက်သို့ တေးသံ လျှောက်သွားလိုက်၏။ လွန်ခဲ့တဲ့ 2နှစ်ခန့်က ဖခင်ဆုံးပါးသွားပြီဖြစ်လို့ စီးပွားရေး ကြပ်တည််းလှသည် ။ ထိုအခြေနေမှ ရုန်းထွက်ရန် LYT နံမည်ရှိ ကိုယ်ပိုင် cafe ဆိုင်လေး ဖွင့်ကာ ဘဝကို ရုန်းကန်နေရ၏

မိန်းလေး ရှုံးအောင် လှတဲ့အပြင် စိတ်ထားလေးက သူမတူအောင်မို့ ချစ်သူ ခင်သူ ပေါ များလို့ပင်။
တေးသံ တစ်ယောက် အိပ်ယာထဲ၌ လူးလိမ့်ရင်း အိပ်ပျော်ရန် ကြိုးစားယူနေသည်။

အိမ် အပြန် လမ်း ၌ တွေ့ခဲ့သည့် ခပ်ချောချော ကောင်လေး တစ်ယောက်ကြောင့် ရင်ခုန်နှုန်း ထိန်းမရချေ။

လွန်ခဲ့သော တစ်နာရီ ခန့်က.

ညဥ့်နက်တော့မှာမို့ တေးသံတစ်ယောက် LYT cafe ဆိုင် အား ပိတ်သိမ်းပြီး  အိမ်သို့ လမ်းလျှောက်၍ပင် ပြန်ခဲ့၏

ထိုစဥ်  လူဆိုးတွေလား ခါးပိုက်နှိုက်တွေလားမသိ တေးသံ နောက်သို့ မျက်ခြေမပျက် လိုက်လာနေ၏ ။ ညဥ့်နက်လှပြီဖြစ်၍ ထိုလမ်း၌ လူခြေတိတ်လှသည်။

မယားပါသားWhere stories live. Discover now