Part-5

965 29 1
                                    

ဆေးရုံ ဧရိယာ ဝန်း၌ သတင်း မီဒီယာ သမားများ စုစုရုံးရုံးနှင့် သတင်းစာရှင်းလင်းပွဲထင်သည်။

"မင်္ဂလာပါ ယနေ့ ဦးခွန်ဥက္ကာ ရဲ့ Free Patient (လွတ်လပ်စွာ ကုသခွင့် လူနာ)  နဲ့ ပတ်သတ်ပြီး သတင်းရှင်းလင်းပွဲပဲ ဖြစ်ပါတယ်။ တိုက်ရိုက် Live ထုတ်လွှတ်နေတာမို့ ဦးခွန်ဥက္ကာ ဘယ်လို အမေးအဖြေတွေ လုပ်သွားတယ် ဆိုတာ စောင့်မျှော် ကြည့်ရှုပေးပါဦး"

ဤ သတင်းကို ကမ္ဘာ့ တစ်ဝှမ်း လူများ ဝင်ရောက်ကြည့်ရှုနေတာ အထူးအဆန်းတော့ မဟုတ်ချေ။ ဘာလို့ဆို ဦးခွန်ဥက္ကာ ဆိုတာ ရုပ်လည်းဖြောင့် သူ ။ ပိုက်ဆံလည်း ရှိသူမို့ ကပ်ဖားမ တွေက တစ်ပုံပင်။ ဤ သတင်းကို ဒူဘိုင်းက ခွန်းသူရိန်လင်း လည်း ကြည့်နေမိ၏

မကြာပါ လှေကားမှ ဦးခွန်ဥက္ကာ နှင့် အသည်းကင်ဆာ ရောဂါနှင့် နာမကျမ်းဖြစ်နေရသည့် ဒေါ်ဒေဝီတို့ သာအမိ ဆင်းလာ၏။ ဦးနှင့် ဒေါ်ဒေဝီက လက်ချင်း တွဲလို့ပေါ့။

ထိုအပြုအမူက လူတိုင်းရဲ့ ပါးစပ်ကို အဟောင်းသား ဖြစ်မိစေတာ အမှန်ပင်။

"ဟဲ ဟဲ့ ဟိုမှာ ဆင်းလာပြီး ။"

"သူတို့က ဘာတွေလည်း ။ ဘာလို့ ဘေးက အမျိုးသမီး တစ်ယောက် နဲ့ လက်တွဲလာရတာလည်း"

ထိုသို့ တစ်ယောက်တစ်ပေါက်နှင့် အနည်းငယ်တောင် ဆူညံသွား၏။

ဦးခွန်ဥက္ကာ / ဒေါ်ဒေဝီ နှင့် တေးသံတို့ ထိုင်ခုံ၌ အသီးသီးဝင်ထိုင်လိုက် ပြီး ဦးက စကားစလာသည်။

"ကျနော်တို့ ဆေးရုံက ပုဂ္ဂလိက ဆေးရုံဖြစ်လို့ ဘယ်သူ့ရဲ့ အထောက်အပံ့နဲ့မှ ရပ်တည်နေတာ မဟုတ်ပါဘူး ။ ကျနော်တို့လို့ ရှယ်ယာရှင် တွေရဲ့ ရင်းနှီးမြုပ်နှ့မှုနဲ့ ရှေ့တက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးမတက်နိုင်ဘဲ ဒီဆေးရုံမှာ ကုသခွင့် မရနိုင်ဘူးဆိုတာ အမှန်ပါ။ ပုဂ္ဂလိက ဆေးရုံ ဖြစ်တာမို့ အစိုးရ ဆေးရုံတွေလို ငွေကြေး သက်သာမှာတော့ မဟုတ်ပါဘူး။

ကျတော်အနေနဲ့ ဒီဆေးရုံ လုပ်ငန်းတစ်ခုတည်း ရပ်တည်နေတာ မဟုတ် တဲ့အတွက် ဘယ်သူ့ရဲ့ ဝေဖန်ချက်ကိုမှ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျနော့် ဇနီးလောင်း ဖြစ်သူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာတဲ့အတွက် ဒီလို ပွဲမျိုးနဲ့ သတင်းသမားတွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်ဗျ"

မယားပါသားWhere stories live. Discover now