Part-8

908 28 1
                                    

တေးသံ အိမ်ကို တန်းမပြန်ဘဲ ဆေးရုံ၌ ဒေါ်ဒေဝီအား
ဝင်ကြည့်ဖြစ်၏ ။ ဒေါ်ဒေဝီ အိပ်နေ၍ မိခင်ဖြစ်သူဘေး
ဝင်ထိုင်ကာ ရှုပ်ထွေးနေသော အခြေအနေကြောင့် ပြန်စဥ်းစားတိုင်း
စိတ်ရှုတ်မိ၏

"ငါဘဝက ဘာတွေ ဖြစ်နေမှန်းကို နားမလည်တော့ဘူး။
ကြာရင် ရူးမိတော့မယ် ။ ခွန်းသူရမောင် ကို ချစ်တယ်
ခွန်းသူရိန်လင်း ကို ကွာရှင်းလို့ မဖြစ်ပြန်ဘူး ဦးခွန်ဥက္ကာ ကိုလည်း
သနားမိပြန်တယ် ။ ဟူး.............။ "

သက်ပြင်းရှည်ကြီး ချ မိပြီး မိခင်ဖြစ်သူ အခန်းထဲမှ ထွက်လာလိုက်ပြီး ဆေးရုံ ကော်ဖီဆိုင်၌ Bubble Tea သောက်ရန် ဝယ်နေစဥ်
ဆံပင်အလယ်ခွဲထားပြီး အသားဖြူဖြူ အရပ်6' လောက်ရှိမည့်
အဆင်ပုံစံနှင့် ဆရာဝန် တစ်ယောက် တေးဘေး၌ လာရပ်ပြီး
တေးကို ပြုံးပြလို့ တေးပြန်ပြုံးပြလိုက်၏

"အမ ဘယ်လောက် ကျလည်း "

"5000ပါ ရှင့် "

တေး ခုမှ သတိရတယ်။ တေးမှာ ပိုက်ဆံမှ ပါမလာတာ။ ထို့ကြောင့် ခပ်ချောချောနှင့် ဆရာဝန်က ပိုက်ဆံဝင်ရှင်းလိုက်၏

"ကျနော်ရှင်းလိုက်ပါ့မယ်ဗျ ။ အမ ဒီမှာဗျ Bubble teaဖိုး"

"ကျမတို့ ယူလို့ မရပါဘူးရှင့် ။ တေးသံ က သူဌေး ဦးခွန်ဥက္ကာ ရဲ့
မိသားစုဝင်ဖြစ်နေတာကြောင့် Free card ပါရှင်"

ဦးခွန်ဥက္ကာ ဆိုသည့် အသံကြားတော့ ထိုဆရာဝန် မျက်နှာ
တစ်မျိုးပင် ပြောင်းသွား၏

"တေးသံကို ကြည့်ရတာ စိတ်ညစ်နေသလိုပဲနော်
ကျနော်ကို တေးသံ ခွင့်ပြုမယ်ဆိုရင် ဆေးရုံ ခေါင်မိုးထက်က
ရှုခင်းတွေကို ကြည့်ဖို့ ဖိတ်ခေါ်ချင်တယ် "

တေးလည်း စိတ်အနည်းငယ် ရှုတ်ထွေးတာကြောင့် ထိုဆရာဝန်
ခေါ်ရာသို့ လိုက်သွားလိုက်၏

"ဝိုး.... မန္တလေး တစ်မြိုးလုံးကို ဒီခေါင်းမိုးပေါ်က ကြည့်နေရတာ
တကယ် လှတာပဲ ။ အစက ဒီလိုနေရာရှိမှန်းသာ သိရင် ဒီလို
မြင်ကွင်းကို စောစော ကြည့်လို့ ရမှာ ။ ဒေါက်တာကို ကျေးဇူး
တင်ပါတယ်နော်"

"ကျနော် နံမည်က နက်ရှိုင်း ပါဗျ ။ ကျနော်တို့ သူငယ်ချင်းလုပ်ကြမလားဟင် ။ ကျနော်က မနေ့ကမှ ဒီဆေးရုံမှာ အလုပ်သင် အနေနဲ့
လာတာဆိုတော့ သူငယ်ချင်း မရှိလို့ပါ"

မယားပါသားWhere stories live. Discover now