Part-4

1.1K 35 0
                                    

တေး၏ အိပ်ပျော်နေသော နုတ်ခမ်းလေးအား ခွန်းတစ်ယောက် အပေါ်စီးမှ တေ့နမ်းရန် လုပ်နေစဥ် လှုပ်လှုပ်ရွရွနှင့် ပွင့်လာသော တေး၏ မျက်လုံးများ ကြောင့် ခွန်းသူရိန်လင်း ချက်ချင်းပင် ချစ်မိနေသော အမူအယာမှ ခက်ထန်သော အမူအယာဖြင့် ထ၍ ရပ်လိုက်၏

တေး တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်ပျော်သွားဟန်ပင် ညက ကိစ္စကို မေ့နေရာမှ သိတိရလာပြီး ကြောက်လန့်သော အမူအယာနှင့် အိပ်နေရာမှ စောင်လေး ကိုင်ကာ ထ ထိုင်လိုက်၏

"ခင်ဗျား .... ကျနော့်ကို ဘာထပ်လုပ်ဖို့ တွေးနေသေးတာလည်း ဟမ် "

"ငါက ဘာလုပ်ဖို့ လိုသေးလို့လည်း ။ နော်ပြီးတော့ တရားဝင် စာချုပ်အရ မင်းက ငါ့အပိုင်ဖြစ်သွားပြီဆိုတော့ ငါဘာလုပ်လုပ် ငါ့သဘာလေ  ဟုတ်တယ်မလား"

"တရားဝင် စာချုပ် "

ထိုအဖြစ်အပျက်က ညက ဖြစ်ခဲ့သည် တူသည်။ အကြိမ်ပေါင်းများစွာ နာကျင်မှု ပေးခဲ့ခြင်းက စခဲ့တာပေါ့ ။ တေး ထို နာကျင်မှုတွေကို ဆက်ပြီး မခံနိုင်တော့ သူ့ဘဝတစ်ခုလုံးကို ခွန်းသူရိန်လင်း အား အပြီးအပိုင်ပေးပါသည် ဟူသော စာချုပ်၌ လက်မှတ်ထိုးရန် တွန်းအားဖြစ်လာခဲ့သည်။

နားကျင်မှုတွေကို ရွေးမလား စာချုပ်ကို ရွေးမလား ဆိုတဲ့ အတွေးကြီးကိုတောင် မတွေးနိုင်ဘဲ လက်မှတ်ထိုးမိလိုက်၏ ။

"ဟုတယ်လေ တရားဝင် စာချုပ် ။ ဟောဒီစာချုပ်ထဲမှာ ပြောထားတာက မင်းနဲ့ ငါနဲ့ တရားဝင် လက်ထပ်ထားခြင်းတဲ့ ။ အဲ့တော့ မင်းမှာ ယောကျာ်းရှိနေပြီဆိုတဲ့ အသိနဲ့ ဘယ်သူကိုမှ မချစ်မိစေနဲ့ ။ မဟုတ်ရင် မင်းချစ်ရတဲ့သူရော မင်းရော အသက်ရှည်ရှည်နေရမယ် မထင်နဲ့"

"ခင် ဗျား ။ တော်တော် အောက်တန်းကျပါ့လား  ။ ဘာ အငြိုးတွေနဲ့ ဒီလောက်တောင် လုပ်ရက်တာလည်း ။ တေးမှာ ဘာအပြစ်တွေ ရှိနေလို့လည်း"

"ငါ မေးခွန်းတွေ ဖြေရတာ မကြိုက်ဘူး ။ ငါ ထပ် မရက်စက်ခင် မင်းပါးစပ်ပိတ်ပြီး ရေချိုးတော့ ။ ပြီးရင် မင်းအမေ ရှိတဲ့ နေရာ ပြန်ပို့ပေးမယ်။ "

မယားပါသားWhere stories live. Discover now