Bond(6)

455 65 7
                                    

Unicode Version,

*ကဲကဲ အားလုံးပဲ အရင်တပတ်က မင်းတို့ရဲ့ Engဆရာက ရာထူးတိုးကျောင်းပြောင်းသွားရတော့ အခု Engဆရာမအသစ်ရောက်လာတယ်*

*ဆရာမနဲ့မိတ်ဆက်ပေးမယ် ငြိမ်ငြိမ်နေကြ*

ဂျောင်ကုတို့အတန်း၏ အတန်းမှုးဖြစ်သောဆရာမကြီး၏စကားကြောင့် တစ်တန်းလုံးငြိမ်သက်နေချိန် အတန်းထဲသို့ ညင်သာသောခြေလှမ်းများဖြင့် ဝင်လာသော Engဆရာဖြစ်ဟန်ရှိသည့် အမျိုးသမီးအား တစ်ချက်ကြည့်ရုံမျှသာကြည့်၍ ဂျေသည်ဂိမ်းသာဆက်ဆော့နေမိသည်။

*အားလုံးပဲမင်္ဂလာပါ တီချယ့်နာမည်က ယူဂျီနာပါ မင်းတို့အတန်းကို Engသင်ပေးမှာပါ ​ရှေ့လျှောက်စာသင်နှစ်တွေအတူရှိကြတာပေါ့*

ဆရာမအသံလေးဟာ မတိုးမကျယ်ဖြင့်နားဝင်ချိုသည့်အထဲတွင်ပါသောကြောင့် ဂျေတစ်ယောက် ​ဂိမ်းဆော့နေရင်းဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ ဂိမ်းကိုသာအသဲအမဲခိုးဆော့နေခိုက် လက်ထဲမှ ဖုန်းလေးအားဆက်ခနဲယူသွားခံလိုက်ရသောကြောင့် ဒေါသဟာ မီးတောင်သဖွယ်ပေါက်ကွဲလုခါနီးပင်။

*စာသင်ချိန်မှာ ဖုန်းကိုင်ခွင့်မရှိဘူးကျောင်းသား*

*စာသင်နေသေးလို့လား*

*စာမသင်လည်း ဆရာမရှိနေရင် respectရှိရမယ်ဆိူတာ နားမလည်ဘူးလား*

*ဟူတ်ကဲ့ နားမလည်ပါဘူး*

ထိုအမျိုးသမီးအား တစ်ခွန်းမကျန်ပြန်ပြောကာ အမျိုးသမီး၏အနောက်တွင် ကိုင်ထားသောသူ့ဖုန်းလေးအားပြန်ယူခိုက် သူ့အားရှောင်လိုက်သောကြောင့် ဂျေကိုယ်တိုင်ပင် ​သတိမထားမိစွာ ဆရာမ၏ခါးလေးအား အနီးသို့ဆွဲယူမိသလိုဖြစ်ကာ ဖုန်းလေးအားအတင်းဆွဲယူမိသည်။

အာရုံဟာ ဖုန်းကိုပြန်ယူဖို့သာ တွေးထားသောကြောင့် ထိုအမျိုးသမီး၏ခါးအားဖက်ထားမိသည်ကိုလည်း သတိမမူမိခဲ့ပေ။

*အဟမ်း....ဖယ်စမ်း မင်းရဲ့ဖုန်းကို ကျောင်းချိန်ပြီးမှ ရုံးခန်းမှာလာယူပါ*

ဆရာမသည်မျက်နှာလေးအနည်းငယ်နီသွားကာ ဂျောင်ကုလက်ထဲမှဖုန်းအား ပြန်ယူသွား၍ စာဆက်သင်ရန် ကျောင်းသားများအားစာအုပ်ထုတ်ခိုင်းလေသည်။

A bond of loveWhere stories live. Discover now