Bond(15)

690 104 43
                                    

Unicode version,

ယုံကြည်ခြင်းမခံရသော စကားတွေကြောင့် ကြိုးစားကာဖုံးဖိထားရသော အရွဲ့တိုက်ချင်စိတ်လေးဖြင့် ဂျေသည် အမျိုးသမီးငယ်၏လက်ကောက်ဝတ်ကိုဆွဲကာ ကော်ဖီဆိုင်ထဲမှထွက်လာပါသော်လည်း ခပ်လှမ်းလှမ်းသို့ရောက်သည်နှင့် ချက်ချင်းလွှတ်ချလိုက်ကာ လက်နှစ်ဖက်လုံးဖြင့် ခေါင်းတစ်ခုလုံးရှိဆံပင်များအား ဆွဲစုပ်လျက် အရူးလိုအော်ဟစ်မိ၏။

*အား!! f*ckပဲ*

လမ်းလည်ခေါင်ထက် မတိုးမကျယ်သောအသံဖြင့် အော်ဆဲလိုက်သောဂျေကြောင့် အနားတွင်ရှိသော သူမသည်လည်းအနည်းငယ်လန့်သွားရသလို ပတ်ဝန်းကျင်၏မျက်လုံးတွေဟာလည်း သူတို့ထံသို့ရောက်လာကြလေသည်။

*ဟို....တို့တောင်းပန်ပါတယ်ဂျေ*

*နောက်ခါ ကျုပ်တို့ ဘယ်တော့မှမပတ်သတ်ပဲနေရအောင် ခင်ဗျားဒီကျောင်းမှာဆက်လုပ်မှာမလား ကျုပ်ကျောင်းပြောင်းမှာမို့လို့ ရှေ့လျှောက်မသိတဲ့လူတွေလိုပဲနေရအောင်*

*ဟင်.....ရုတ်တရက်ကြီး ဘာလို့အဲ့လိုပြောရတာလဲ*

*ခင်ဗျားမမြင်ဘူးလား ကော်ဖီဆိုင်ထဲမှာကျောင်းသားတွေရှိနေတာ*

*အဲ့ဒါဘာဖြစ်လို့လဲ*

*ကျုပ်တို့ကိုထင်ရာတွေပြောပြီး စွတ်စွဲကြတော့မှာ....ပြီးတော့ ပတ်ခ်ဂျီမင်းအထင်လွဲတာမခံနိုင်ဘူး*

*တကယ်တမ်းနစ်နာတဲ့သူကတို့ပါဂျေရယ်....မိန်းကလေးတစ်ယောက်က ကော်ဖီဆိုင်မှာ အင်္ကျီဆောင့်ဆွဲခံရပြီး စော်ကားခံရတာလေ တို့တောင်ဒါတွေကိုဂရုမစိုက်တာကို ဂျေလည်းဂရုစိုက်စရာမလိုပါဘူး*

*လိုတယ်.....ခင်ဗျားကလူလွတ်....ကျုပ်မှာအိမ်ထောင်ရှိတယ်....*

*ပတ်ခ်ဂျီမင်းကို မင်းမချစ်ဘူးလေ...ဟုတ်တယ်မလား ဝန်ခံလိုက်စမ်းပါ*

ဂျီနာသည် ဒေါသထွက်ကာစိတ်ရှုတ်နေဟန်ရှိသော ဂျေအားမော့ကြည့်လျက် တုန်ယင်စွာပင် အရဲစွန့်ကာ မေးလိုက်တော့ ဂျေဟာချက်ချင်းပြန်မဖြေနိုင်ပေ။ တွေဝေနေသောဂျေ့ပုံစံကြောင့် ဂျီနာဟာအနည်းငယ်ပြုံးလိုက်ကာ ဂျေ့လက်လေးအားဖမ်းဆုပ်လိုက်တော့ ချက်ချင်းပင် ရုန်းထွက်သွားလေသည်။

A bond of loveWhere stories live. Discover now