Bond(16)

647 108 37
                                    

Unicode version,

*အခြေအနေဘယ်လိုရှိလဲ*

ကြက်သွေးရောင် ဆိုဖာထက်တွင် ထိုင်ကာ လက်ဖက်ရည်ခွက်လေးအားကိုင်လျက် အာစွတ်ရုံလောက်မြည်းပြီးသည်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော သားဖြစ်သူအား​မေးလိုက်တော့ ဘယ်လောက်တောင်ယုံကြည်ချက်ရှိနေလဲဆိုတာ မျက်နှာတွင်ဖြစ်ပေါ်လာသောအပြုံးကိုကြည့်ရုံနှင့်ပင်သိနိုင်သည်။

*အခု ပတ်ခ်ဂျီမင်းစီမံကိန်းကနေနှုတ်ထွက်လာတဲ့အင်ဂျင်နီယာတွေကို ကျွန်တော့်ဘက်ပါအောင်ခေါ်ထားတယ် အခု ပတ်ခ်ဂျီမင်းက အလုပ်ဘက်ကိုသိပ်အာရုံမရောက်ဖြစ်နေတော့ စီမံကိန်းမှာပြသနာတွေပဲဆက်တိုက်ဖြစ်နေတယ်လေ*

*အဲ့တော့ မင်းကဘာဆက်လုပ်မယ်စဥ်းစားထားလဲ*

*စီမံကိန်းမအောင်မြင်ရင်ရပြီမလား ကျွန်တော့်ကိုယုံပါအဖေ ကျိန်းသေအဲ့စီမံကိန်းကိုဖျက်ဆီးမှာမို့လို့*

*အေး ဒီတခါထပ်ပြီး ပတ်ခ်ဂျီမင်းဆီမှာခံရရင် မင်းကိုငါကိုယ်တိုင်ထောင်ထဲပြန်ပို့မှာ*

အဖေဖြစ်သူ၏အထင်သေးသောစကားကြောင့် ဆိုယောင်းဟာတစ်ယောက် မျက်နှာချက်ချင်းပျက်သွားကာ ပြန်ပြောရန်လုပ်နေခိုက် အခန်းထဲသို့ဝင်လာသော နှုတ်ခမ်းနီရဲရဲဆိုးထားသည့်အမျိုးသမီးကြောင့် ကိုယ်ရှိန်သတ်ကာ ချောင်းတစ်ချက်ဟန့်လိုက်ရသည်။

*ဒီရက်ပိုင်း မတွေ့ရတာနဲ့ မျက်နှာတွေချောင်သွားလိုက်တာသားရယ်*

*အမေ့ရဲ့ ဟင်းချက်လက်ရာတွေမစားရတာကြာလို့ထင်ပါတယ်ဗျာ*

*အဲ့ဒါကြောင့် ဒီမအေက ကိုယ့်သားကြိုက်တဲ့ဟင်းတွေချက်ထားပါတယ်နော်.....ညစာစာလို့ရပြီဆိုတာလာပြောတာ....*

ထိုအမျိုးသမီး၏စကားကြောင့် အဖေဟာ ထိုင်နေရမှထကာ ညစာစားရန်ထွက်သွားချိန် သူမသည်လည်း အဖေ့လက်မောင်းအားချိတ်ကာ သူ့အားပြုံးပြ၍အပြင်သို့လိုက်လာရန် အနားသို့တိုးတိုးလေးပြော၍ထွက်သွားလေသည်။

*ဟက်....မြွေပြွေးလိုမိန်းမ*

အရသာရှိလှသောဟင်းမျိုးစုံကိုချက်ထားကာ ခင်းကျင်းထားပါသော်လည်း အားရစွာစားပြချင်စိတ်လည်းမရှိသောကြောင့် တူလေးဖြင့်ဟိုတို့ဒီတို့လုပ်နေချိန်.....

A bond of loveWhere stories live. Discover now