Bond(8)

364 58 4
                                    

Unicode version,

*ယောင်းဟာ ဒီမှာလာထိုင်ဦး*

ဆိုယောင်းဟာတစ်ယောက် အပြင်ကပြန်လာချိန် ဧည့်ခန်းတွင် ထိုင်နေကြသော အဖေနှင့် အဖေ့မိန်းမလှလှလေးသည် သူ့အား အတူလာထိုင်ခိုင်းသောကြောင့် စိတ်မပါလက်မပါသက်ပြင်းတစ်ချက်ချကာ ဧည့်ခန်းတွင်ဝင်ထိုင်လိုက်၏။

*ဘာပြောစရာရှိလို့လဲအဖေ*

*ပတ်ခ်ဂျီမင်းက အခု ဆယ်ယောရွာက မြေကွက်တွေကို အကုန်လိုက််ဝယ်ပြီး အပန်းဖြေစခန်းဆောက်ဖို့လုပ်နေတာသိလား*

အဖေဟာ မျက်မှောင်ကြုံ့ကာ သူ့အားလေသံမာမာမေးလာသောကြောင့် ချောင်းတချက်ဟန့်လိုက်ကာ...

*အဟမ်း...ကျွန်တော်မသိသေးဘူး*

*ဘယ်သိမလဲ ထောင်ထဲကလွတ်လာချင်း အလေလိုက်နေတာ*

ထိုချိန်...

*အကိုရယ် ကလေးလည်းအခုမှနားရတာလေ.... မဆူပါနဲ့ အဲ့အစား အပန်းဖြေပရောဂျက်ကို ကျွန်မလုပေးရမလား*

ဘေးတွင်ထိုင်နေသော နှုတ်ခမ်းနီရဲရဲဆိုးထားသည့် အမျိုးသမီး၏နှုတ်မှထွက်လာသောစကားကြောင့် အဖေဟာအနည်းငယ်မျက်နှာထားလျှော့လိုက်ကာ သူ့အားမေးငေါ့ပြ၍

*အဲ့အကောင်ကို တမင်ပတ်ခ်ဂျီမင်းနဲ့ထိပ်တိုက်တွေ့ခိုင်းနေတာ မဟုတ်ရင် ဒီကောင်က ရေသာခိုအချောင်လိုက်နေမှာ.....ပတ်ခ်ဂျီမင်းရဲ့ ခြေထိပ်လေးတောင်မမှီသေးဘူး*

*အဖေ!!!*

အဖေဖြစ်သူ၏စကားဟာ ယောင်းဟာ၏မာနအား ထိခိုက်စေရုံသာမက သိပ်မုန်းလှပါသောမျက်နှာချင်းဆိုင်ရှိအမျိုးသမီး၏သားနဲ့ယှဥ်ပြောလိုက်သောကြောင့် အဖေ့အားအော်မိတော့ အမျိုးသမီးဟာ လက်ဖက်ရည်ပန်းကန်လေးအား ယူကာ ဇိမ်ခံပြီးသောက်နေလေရဲ့။

*ငါ့ကိုလာမအော်နဲ့....ပတ်ခ်ဂျီမင်း အခုလုပ်နေတဲ့ပရောဂျက်ကိုရအောင်တား.....ဘယ်နည်းပဲဖြစ်ဖြစ်ရအောင်သုံးပြီးတား....မဟုတ်ရင် ပတ်ခ်ဂျီမင်းသာဒီပရောဂျက်အောင်သွားရင် ငါတို့companyထက် အဆအများကြီးသာသွားလိမ့်မယ်*

*အဲ့အစား ကျွန်တော်သူ့ပရောဂျက်ကိုတားနိုင်ရင် အမေ့နေရာကိုယူလို့ရမလား*

A bond of loveWhere stories live. Discover now