Bond (7)

357 59 2
                                    

Unicode version,

*ဂျီမင်း*

*ဟင်....ပြောလေဟျောင်း*

*အခုပဲ အထွေထွေမန်နေဂျာဖုန်းဆက်တယ် ဆယ်ယောရွာက သူတို့မြေကွက်တွေကို လုံးဝထုတ်မရောင်းဘူးလို့ပြောနေတယ်တဲ့ မင်းဘယ်လိုလုပ်မလဲ*

ဖုန်းလေးကိုင်ထားကာ လာပြောပြသော ယွန်းဂီဟျောင်း၏စကားကြောင့် ဂျီမင်းမှာDesktopလေးအားပိတ်လိုက်ကာ စားပွဲပေါ်၌လက်ထောက်လျက်ပင် အနည်းငယ်စဥ်းစားရကြပ်သွားရ၏။

ဒီနှစ်မကုန်ခင် ဆယ်ယောရွာဘက်မှာ အပန်းဖြေစခန်းဆောက်ချင်တာ သူ့ရဲ့ရည်မှန်းချက်တစ်ခုလည်းဖြစ်သလို ​မြေစျေးများကောင်းလာကာ နိုင်ငံခြားသားများအား ဆွဲဆောင်နိုင်သည့်လည်ပတ်စရာနေရာတစ်ခုဖြစ်ဖို့အလားအလာအများကြီးရှိနေသော ဆယ်ယောရွာရှိ ​မြေကွက်များကို သူ့ဘက်မှ စျေးကောင်းပေးဝယ်နေပါသော်လည်း ရွာသားများဟာသဘောမတူခဲ့။

ရည်မှန်းချက်တစ်ခုလိုသတ်မှတ်ပြီး ဒီစီမံကိန်းကိုစခဲ့သောကြောင့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူရအောင်ကိုလုပ်မှဖြစ်မည်။

*ရွာသားတွေသဘောမတူရင် အတင်းအကြပ်ဖြစ်ဖြစ် ရအောင်လုပ်ခိုင်းလိုက်တော့ဟျောင်း*

*ဘယ်လိုမျိုးလဲ*

*သူတို့မြေတွေကိုအကုန်စီမံကိန်းနယ်မြေအဖြစ် ကန့်သတ်ချလိုက်တော့*

*အဲ့လိုဆိုရွာသားတွေအုံကြွလာမယ်နော်ဂျီမင်း.....အခန့်မသင့်ရင် သတင်းတွေထဲမှာပါလာဦးမယ်*

*ရတယ် မီဒီယာကိုကျွန်တော်ထိန်းနိုင်တယ်...သူတို့ကို စျေးကောင်းပေးပြီး ဝယ်တာပဲရမှမရတာ ကျွန်တော်လည်းမတက်နိုင်တော့ဘူး*

*ပြီးတာပဲ ငါမန်နေဂျာကိုဖုန်းဆက်လိုက်တော့မယ်*

*ဟုတ်ကဲ့*

ထို့နောက် ဟျောင်းသည်အခန်းထဲမှထွက်သွားသောကြောင့် ဂျီမင်းလည်း လုပ်လက်စအလုပ်များအားပြန်စိတ်နှစ်လိုက်ပါသော်လည်း မျက်ဝန်းထောင့်လေးတွေမြင်နေရသော ဖုန်းလေးထံသို့အကြည့်ရောက်သွားကာ တစ်ယောက်သောသူအား ဖုန်းဆက်ရန် ပြင်ပြီးကာမှ တွန့်ဆုတ်သွားရပြန်သည်။

A bond of loveWhere stories live. Discover now