Chapter-21

1.5K 155 22
                                    

ချန်နန်း​တော်က​နေထွက်ခဲ့တဲ့​နောက်မှာ မြို့နယ်အထွက်မှာရှိသည့်ဂိတ်​​တွေကိုအဆင်​ပြေ​​ပြေဖြတ်​ကျော်နိုင်ခဲ့သည်။

သူတို့မြင်း​တွေကမြန်တာ​ပဲလား။ချန်နန်း​​တော်ကပဲသူတို့က်ိုဖမ်းခွင့်မထုတ်တာ​လား​​တော့မသိ။

"​ရှောင်းငယ်နားချင်လား.."

သူ့ကိုကရုတစိုက်​မေးလာတဲ့လူကြီးကိုသူ​ခေါင်းခါပြလိုက်သည်။နား​နေလို့အ​ခြေအ​နေက​ပြောင်းလဲသွားရင်တစ်ဒုက္ခမလား။

"မနား​တော့ဘူးလူကြီး၊ဆက်သွားမယ်"

"​ကောင်းပြီ.."

လူကြီးကလဲအ​​ခြေအ​နေ​ကြောင့်သူ့ကိုထပ်မ​ပြော။

သူတို့​မြင်းက​နောက်တစ်ဂိတ်ကိုဖြတ်ဖို့နီးကပ်လာ​လေပြီ။ထိုဂိတ်ကိုအ​ဝေးကလှမ်းကြည့်ရင်း ရဲမက်​တွေစုရုံးစုရုံးဖြစ်​နေတာကို စစ်သူကြီးဝမ်ကလှမ်းမြင်သည်။

ဘာလဲ.။သူတို့ကိုဖမ်းခွင့်ထုတ်လိုက်လို့များလား?။

"စစ်သူကြီး အ​ရှေ့ကစစ်​ဆေး​ရေးဂိတ်ပုံစံကတစ်မျိုးပဲ.."

သူတို့မြင်းကိုကိုယ်ရှိန်သတ်လိုက်တုန်း သူ့​မြင်း​ဘေး​ရောက်လာသည့်တပ်မှူးယွီပင်းကဆိုသည်။
ကုန်သည်​တွေ။သာမာန်ပြည်သူ​တွေကို​တော့ဖြင့်လွယ်လင့်တကူဖြတ်သန်းသွားခွင့်​ပေးပြီး
ဝတ်ရုံအ​ကောင်းစားနဲ့၊မြင်း​ကောင်း​ကောင်းစီးထားတဲ့သူ​ဌေး​တွေကို​တော့ဖြင့် စစ်​​ဆေး​နေသည်မှာ ဖင်တစ်ပြန်​ခေါင်းတစ်ပြန်ပင်။

"ကျွန်​တော့်တို့ကိုများရှာ​​လေသလားမသိဘူး
စစ်သူကြီးဘယ်လိုလုပ်ချင်တုန်း.."

​ရှေ့ကဂိတ်ကိုစူးစိုက်ကြည့်ရင်းစစ်သူကြီးဝမ်ရဲ့အညို​ရောင်မျက်ဝန်း​တွေကတစ်ဖျက်ဖျက်လက်​နေသည်။
စစ်​ဆေး​ရေးဂိတ်​လေးတစ်ခုကို ရုပ်ဖျက်ပြီးဝင်ရင်လဲသူ့ရဲ့စစ်သူကြီးသိက္ခာကရှိ​သေးသည်။

တစ်ဖက်မှာလဲသူအထိအခိုက်မခံန်ိုင်သည့်​ရှောင်းမင်းသား​လေးကရှိ​သေးသည်။

(A/N..ဒီ​သိက္ခာဆိုတဲ့အရာ​က​လေ..​စောင်းကြည့်ရ​သ​လောက် ကြီးမြတ်တဲ့လူ​တွေ၊ရာထူးရာခံကြီးတဲ့လူ​​တွေမှာ​တော်​တော်သုံးကြတယ်။အဲ့လို​ပြောလို့ တခြားလူ​တွေမှာမရှိဘူးမ​ပြောဘူး​နော်။
သိက္ခာဆိုတာကိုထည့်​တွေး၊ထည့်တွက်လွန်းတာကို​ပြောချင်တာ။
ဖတ်ဖူးရသ​လောက် ​မြန်မာရဲ့အိမ်​ရှေ့ကိုယ်​တော်ကြီးတုန်းကလဲ.မြင်းကွင်းနဲ့မြင်းခုန်တိုင်မင်းသားနှစ်ပါးလုပ်ကြံမယ်ဆိုတာကိုကြားရက်နဲ့.သိက္ခာ​ကြောင့်မ​ပြေးတာတဲ့။
​ရှောင်လို့ရရက်နဲ့ အဲ့​နေ့ကိုမ​ရှောင်တာလို့ကြားတယ်။
ဟိုမင်းသားနှစ်​ကောင်က စ​သလို​နောက်သလို​ပြေးလာတာက​တော့ သူတို့ပရိယာယ်​ပေါ့​လေ။
ဟိီးးး.စကားများကြည့်တာ😁)

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)On viuen les histories. Descobreix ara