Part 1

8.7K 127 1
                                    

Uni

ခလွမ်

စားပွဲပေါ်မှ ကျကွဲသွားသော ပန်းအိုးလေး ။
ဒေါ်ခတ္တာနွယ် ရင်ထဲလေးနေမိသည်။
မနက်တုန်းကလည်း ဘုရားပန်းလဲရင်း ပန်းအိုးက လက်ထဲက လွ​တ်ကျပြီးကွဲသွားသေးတယ် ၊ အခု အလှပန်းအိုးကပါ ထပ်မံ ကွဲသွားတယ်ဆိုတော့ နမိတ်မကောင်းဘူးမလား ။

အလုပ်သို့သွားနေသော ချစ်ခင်ပွန်းများ တစ်ခုခုဖြစ်နေမလားဆိုပြီး သူမ စိတ်ပူမိသည်။
သို့သော်ညနေ စောင်းရောက်လာတော့ ခင်ပွန်းသည်မှာ ဘာမှမဖြစ်ဘဲပြန်ရောက်လာသည်ကြောင့်စိတ်ကို ဒုန်းဒုန်းချမိသည်။

" ရှင်မ ရေ သားလေးရော အိမ်လည်ရာကနေ ပြန်မလာသေးဘူးလား "

" မလာသေးဘူး ကို ကျွန်မ သွားခေါ်လိုက်ပါအုံးမယ် ၊ မခင်တို့အိမ်မှာဘဲ ရှိလောက်မယ်ထင်တယ် "

သူမသည် တစ်အိမ်ကျော်ရှိ သူမ၏ သားဖြစ်သူ နှိုင်းလွန်းသာနွယ် ကိုသွားခေါ်လာခဲ့သည်။

" နှိုင်း သားလေးရေ ၊ အိမ်မှာ ဖေကြီးက ပြန်ရောက်ပြီကွယ့် ထမင်းစားရအောင် လို့မေကြီးက လာခေါ်တယ် "

" ဟုတ်ကဲ့ မေကြီး "

လိမ္မာ လွန်းသည့်သားလေးမှာ ကစားနေရာကနေ ရပ်ကာ သူမနဲ့အတူ လိုက်ပါလာခဲ့သည်။
သားလေးက အသက်အားဖြင့် ၈နှစ်ဘဲ ရှိသေးသည်။ သို့သော် သားလေးသည် ပုံမှန် ယောက်ျားလေးတွေနဲ့မတူဘဲ နုဖက်ကာ ဆံပင်ကိုလည်း ဂုတ်ဝဲ အထိ ထားထားသည်။ အသားလေးဟာလည်း ဖွေးပြီး နုဖက်နေကာ လက်သည်းခွံလေးတွေအစ နီတာရဲလေးလိုဖြစ်လို့ ၊ နှုတ်ခမ်းရဲ့ညာဘက်အပေါ်ထောင့်မှာလည်း မှဲ့နက်လေး တစ်လုံး ရှိ လေကာ ထိုမှဲ့နက်လေးက သူမရဲ့ သားငယ်နဲ့ အတော်ပင်လိုက်ဖက်လွန်းလှသည်။

အိမ်ခြံထဲရောက်တော့ ဦးလွန်းသာက သူ့ ဇနီးခင်းကျင်းပေးထားသော ထမင်းစားပွဲ အရှေ့မှာ ထိုင်နေလေသည်။

" ကို ရေချိုးပြီးပြီလား "

" ချိုးပြီးပြီ ရှင်မ ၊ လာသားလေး ထမင်းစားရအောင်ကွာ "

ဦးလွန်းသာသည် သူ့ဘေးရှိနေရာလေးမှာ သူ့သားကို နေရာပေးလိုက်ကာ ထမင်းပန်းကန်ထဲသို့ ဟင်းများကို ထည့် ပေးနေလေသည်။
နှိုင်းလွန်းသာနွယ် တို့မိသားစုဟာ သာမာန်လက်လု​ပ်လက်စား မိသားစုကြောင့် တစ်နေ့ ဝမ်းစာ တစ်နေ့ ရှာနေရသူ မိသားစုဖြစ်သည်။ နှိုင်းတို့ရဲ့အိမ်လေးဟာလည်း အလွန်ကိုသေးပြီး ထန်းရံကာ သွပ်မိုးအိမ်လေးဖြစ်သည်။
သိပ်ကြီးအဆင်ပြေလှတယ်ရယ်လည်းမဟုတ်ပေမဲ့ ၊ မိဘတွေကတော့သူ့ကို ကျောင်းထားပေးနိုင်သည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now