Part 16

2K 56 0
                                    

Uni

ပါတီက ဟိုတယ် တစ်ခုမှာဖြစ်သည်။
ဟိုတယ်က Premium ဆန်ပြီး ခမ်းနားသည် ။

ရှိုင်း မိုင်းလားဘက်မှာတုန်းက ရှိုင်း ရဲ့ bar မှာ share ပါတဲ့ မိတ်ဆွေ တစ်ဦး ရဲ့ wedding dinner party ဖြစ်သည်။

ပွဲထဲရောက်တော့ ရှိုင်းက သူ့လက်မောင်းကိုပုတ်ပြလာသည် ။
အဓိပ္ပါယ်က သူ့ကို လက်ချင်းချိတ်ပါဆိုပြီး ။

နှိုင်းလည်း သူ့လက်မောင်းကိုဖွဖွလေးကိုင်ကာ ချိတ်လိုက်ပြီးနောက် ပွဲထဲသို့ အတူယှဥ်ကာ ဝင်ရောက်လာကြသည်။

ပွဲထဲမှာ မင်္ဂလာသတိုးသား သတိုးသမီးထက် နှိုင်းတို့အတွဲကိုပိုပြီး စိတ်ဝင်တစားလိုက်ကြည့် နေကြသူတွေကများသည်။

" ဟာ... ရှိုင်းဝဋ်သာလွန် လာတာနောက်ကျတယ်ကွာ "
သတိုးသားဖြစ်ဟန်တူသော လူက ရှိုင်းဝဋ်သာလွန် ကိုလာပြီးနှုတ်ဆက်သည်။

" အေးကွာ...ငါ့ပါတနာက အလှနည်းနည်းပြင်နေလို့နောက်ကျသွားတယ်.."

ထိုသို့ပြောမှ ဘေးနားက နှိုင်းကိုနှုတ်ဆက်လာသည်။

" တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က ဝဏ္ဏ ပါ သတိုးသားပေါ့ "

" ဟုတ် နှိုင်းလွန်းသာနွယ်ပါ "

" နာမည်ရော လူရောအလှလေးပဲ ၊ ရှိုင်း ငါမင်းကိုအားကျတယ်ကွာ ၊ ဟိုးးဝင်ပေါက်ထဲက ကြည့်နေတာ အဝေးက ကြည့်တာတောင် လိုက်ဖက်လွန်းလိုက်တာကွာ..."

" အေးပါ ကျေးဇူးပဲ... အဟမ်း.."

ထို့နောက် သူတို့ကို ထိုင်ဖို့ နေရာချပေးကာ သတိုးသားနဲ့ စကားခဏတာ ပြောဖြစ်ခဲ့ ကြသည်။

ခဏကြာတော့ လူတွေက လျှောက်လမ်းပေါ်က မိန်းကလေးတစ်ဦးကို စိတ်ဝင်တစား လိုက်ကြည့်ကြသည်။

" ဟန်နီ... "

ရှိုင်းရဲ့ နှုတ်မှ ထွက်ကျလာသော ထိုအသံတိုးတိုးလေးကို နှိုင်းကြည့် ဖြစ်အောင်ကိုကြားမိသည်။
အော် သူ့ရဲ့ လူအမှန်က ရောက်လာခဲ့ပြီကို ၊ ထိုမိန်းကလေးက လှပါသည်၊ အသားဖွေးဖွေး နုနုဖက်ဖက်လေးနဲ့ သူနဲ့ဆင်တူ အနီနဲ့အမဲနဲ့ စက်ထားတဲ့ body fit ကိုဝတ်ဆင်ထားတာ ၊ တစ်ပုံစံထဲတူသည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now