Part 6

2.3K 66 0
                                    

Uni

" ခင်များ ရူးနေလား ၊ လူမှုဆက်ဆံရေးမရှိဘူးလား ၊ ခင်များလည်း ခင်များဘာသာ ခင်များမိတ်ဆွေတွေနဲ့ စကားပြောနေတာပဲလေ၊ ကျွန်တော်လည်း ပျင်းလို့ စကားလာပြောတဲ့ သူကိုအလိုက်သင့်လေး ပြန်ပြောလိုက်ယုံပါ "

ရှိုင်းက မေးကြောများ ထောင်ကာ ကားစီယာတိုင်ကိုလည်း တင်းကြပ်စွာ ကိုင်ထားသည်။

" ဒါက လူကြီးလူကောင်းတွေ လာတဲ့ပါတီကွ ၊ မင်းအလုပ်လုပ်နေကျ bar မဟုတ်ဘူး ၊ အနေအထိုင်ဆင်ခြင်သင့်တယ် "

ထိုလူ့ရဲ့အသံမှာ ဒေါသထွက် စွတ်နေသည်။
နှိုင်းလည်း သူ့ကို နှိမ်သလို ခံစားလိုက်ရတာမို့လို့ အနည်းငယ်ငြိမ်ကျသွားသည်။ ခဏကြာမှ...

" ကျွန်တော်ပြောပြီးပြီပဲ ၊ စကားလာပြောလို့ အလိုက်သင့်လေး ​ပြန်ပြောလိုက်ယုံပါပဲလို့ ၊ အဲ့ဒါမှခင်များမကြိုက်ရင်လည်း ကျွန်တော်က အနေအထိုင်ဆင်ခြင်ပေးပါ့မယ် ၊ အင်းပေါ့ ခင်များက အလုပ်ရှင်ပဲ ဒီလောက်တော့ရှိမှာပေါ့ "

နှိုင်းက ငိုသံ အနည်းငယ်ဖြင့် တိုးငြင်းစွာ ထွက်လာသည်။
ရှိုင်း ရင်ထဲ တစ်ခုခုခံစားလိုက်ရသည်။
ဘယ်လိုကြီးမှန်းမသိဘူး။ သူက ဟန်နီ့ကို အရွဲ့တိုက်ချင်လို့သာ သူနဲ့တွဲနေတာ တကယ်တမ်း ရှိုင်း ကိုယ့်ဘာသာ ပြန်မေးကြည့်ရင် ဟန်နီ့အပေါ်သိပ်ကြီး သံယောဇဥ် မရှိနေတော့ ။
ဟန်နီက သူ့ကို အရင်ဖြတ်သွားတာမို့လို့ မခံစားနိုင်လို့သာ အနိုင်ယူချင်နေတာ ဖြစ်မည် ။
ဒီတစ်ယောက်​က ငိုနေတော့ သူ့ရင်ထဲ မကောင်းဖြစ်သွားရသည်။

အိမ်ပြန်ရောက်သည်အထိ သူနဲ့ရှိုင်းနဲ့ စကားမပြောဖြစ်တော့။
နောက် နေ့တွေ ရောက်တော့လဲ သူက ရှိုင်းကိုသိသိသာသာကိုရှောင်နေတာဖြစ်သည်။

" အန်တီမာ ဟိုကောင်လေး အပြင်ထွက်သေးလား "
အလုပ်က ပြန်လာလာချင်း မေးမိသည်မှာ ထိုကောင်လေးရဲ့အကြောင်း ၊

ရှိုင်း မင်းဘာဖြစ်နေတာလဲ၊ သူ့ဘာသာ ဘာလုပ်လုပ်မင်းအကြောင်းလားကွာ ၊ ခက်တယ် ။

".အင်းသားလေး ၊ သားလွန်းသာ အပြင်ထွက်သေးတယ် "

" အော် ဟုတ်ကဲ့ အန်တီမာ "

Only for you ( မင်းအတွက်သာ)Where stories live. Discover now