Part 21

2K 59 0
                                    

Uni

နှိုင်းအခု ရှိုင်းဝဋ်သာလွန် ရဲ့အိမ်ကိုရောက်နေတာဖြစ်သည်။ အကြောင်းမှာသူနဲ့မကြာခင်လက်ထပ်တော့မဲ့ ရှိုင်းဝဋ်သာလွန် ရဲ့ မိဘတွေနဲ့လာတွေ့တာဖြစ်သည်။
နှိုင်းကြားထားတာတော့ သူ့မှာ အမေဘဲရှိတော့တာလို့ကြားသည်။ နောက်ယောက်ျားနဲ့ရတဲ့ အစ်ကိုရယ် သူ့မရီးရယ်လည်းရှိတယ်လို့သိထားသည်။ ဟိုတစ်ခါတုန်းက နှိုင်း ရောက်ဖူးထားတယ်လေ..။
အဲ့တုန်းကတော့ သူတို့ချင်းအချေအတင်းစကားများနေကြတာမို့လို့ နှိုင်းလည်းသိပ်ပြီး စိတ်မဝင်စားခဲ့ဘူး၊ သူများမိသားစုအတွင်းရေးမို့လား။

" လာကွယ်..ထိုင်ကြ"
ဟိုတစ်ခါတုန်းက မြင်ဖူးသည့်အန်တီကြီးဖြစ်သည်။ ဟိုတစ်ခါတုန်းကတော့နေမကောင်းဘူးထင်သည် မျက်နှာကသိပ်မလန်းပေ၊ အခုတော့ ကျော့ကျော့မော့မော့နဲ့ သိပ်ကို ကျက်သရေရှိသည့် အမျိုးသမီးကြီးဖြစ်လေသည်။

" မေမေ ဒါက သားနဲ့လက်ထပ်မဲ့ ကောင်လေးပါ နှိုင်းလွန်းသာနွယ်တဲ့ "

ရှိုင်းဝဋ်သာလွန်က စတင်မိတ်ဆက်ပေးတော့ နှိုင်းလည်း တလေးတစားနဲ့ နှုတ်ဆက်လိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် အန်တီ ၊ ကျွန်တော်ဟိုတစ်ခါတုန်းကလည်းလာဖူးပါတယ် ၊ အဲ့တုန်းက သေချာမနှုတ်ဆက်လိုက်ရလို့ ၊ ကျွန်တော့်နာမည်က နှိုင်းလွန်းသာနွယ်ပါ "

အန်တီ့သား အကြွေးနဲ့အတင်းသိမ်းခြင်းကိုခံလိုက်ရတဲ့ သူပါလို့တော့ထည့်ပြီးမပြောလိုက်ခဲ့။

" အင်းကွယ် သားနှိုင်းက တကယ့်ကိုအချောလေး၊ အဲ့ဒါကြောင့် ဟိုတစ်ခါတုန်းက အန်တီ့သားက မင်းကို အခန်းအပြင်မထွက်ခိုင်းတာကို"
ရှိုင်းရဲ့မေမေက အရယ်လေးနှောကာ ပြောတော့
နှိုင်းက အနည်းငယ်ရှက်သွားလို့မျက်နှာကိုအောက်ကိုချပြီး ရှက်ရယ် ရယ်နေသည်။

ရှိုင်းဝဋ်သာလွန် က နှိုင်းရဲ့လက်ကိုကိုင်ထားတာ ရယ်နေသည်။

" ဟာ အန်တီကလည်း အဲ့လောက်ထိလည်းမဟုတ်ပါဘူး..၊ ပြီးတော့ အဲ့တုန်းက အိမ်ကိုဆူဆူညံ့ညံ့လုပ်မိလို့လည်း တောင်းပန်ပါတယ်"

Only for you ( မင်းအတွက်သာ)Where stories live. Discover now