Part 2

2.9K 71 0
                                    

Uni

နှိုင်း ဒီအလုပ်ကို သူငယ်ချင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လုပ်ခဲ့တာ ၊ သူက ပြောတယ် နှိုင်းကို တရုတ် မြန်မာ နယ်စပ်က မိုင်းလား မြို့မှာ အလုပ်သွားလုပ်ရင် ပိုက်ဆံပိုရတယ်တဲ့ ၊ အဲ့ဒါကြောင့် နှိုင်းလည်း ရောင်လည်လည်နဲ့ မိုင်းလားကို ရောက်လာခဲ့တာ ။

ဒါပေမဲ့ နှိုင်းလိုချင်တဲ့အလုပ်ထက် ဒီ bar က အလုပ်က လစာ ၂ဆ ပိုရတော့ ဒီလုပ်ကိုပဲရွေးဖြစ်သွားခဲ့တယ်။
နှိုင်းကလေ ပိုက်ဆံမက်တာတော့မဟုတ်ပေမဲ့ တစ်ဦးတည်းသော ရှိတော့တဲ့ မေကြီးကိုတော့ ကောင်းကောင်းမွန်မွန်ထားချင်သေးတယ်။

"နှိုင်း နင်က စားပွဲနံပါတ် ၆ ကိုသွားရမှာ ၊ သူတို့က မြန်မာနိုင်ငံက နာမည်ကြီး high boss တွေနော် ၊ သေချာ ဂရုစိုက်ပေး ၊ စိတ်မပျက်စေနဲ့ "

ခေါင်းဆောင်ဖြစ်သူ အစ်မက နှိုင်းရှိတဲ့ အလှပြင်ခန်းထဲကိုလာပြီ ခေါ်သည်။

" ဟုတ် မနန်း ၊နှိုင်းသေချာပေါက် ကောင်းကောင်းဂရုစိုက်ပေးပါ့မယ် "

နှိုင်းလည်း ကိုယ်ကျရာ စားပွဲနံပါတ်ဆီိကိုသွားလိုက်သည်။
နှိုင်းက body fit dress အတိုကို ဝတ်ထားကာ ဒေါက်မြင့် ၂လက်မ ကျော်ကျော် ဖိနပ် ကို စီးထားသည်။ ဖြောင့်ဆင်းနေပါသော ​ ဆံပင်တို့ကိုလည်း ချထားကာ ၊ မိတ်ကပ် ပါးပါးလေးကို လိမ်းထားသည်။ မိတ်ကပ်မလိမ်းရင်တောင်လှနေပါသော နှိုင်းက မိတ်ကပ်လိမ်းလိုက်တော့ ပိုလို့တောင်လှသွားသေးသည်။

" ဟေ့ နှိုင်း တို့ဒီမှာ "

သူငယ်ချင်း ဖြစ်သူ နှင့် ဝိုင်းအတူတူကျသည်ကြောင့် နှိုင်းအနည်းငယ်တော့အားရှိသွားသည်။

နှိုင်းသည် ခန္တာကိုယ် ခပ်ထောင့်ထောင့်နဲ့ မျက်မှန်တတ်ထားပါသော လူကြီးဘေးနားထိုင်လိုက်သည်။
ထိုလူကြီးကတော့ ဘေးကို မသိမသာလေး တိုးသွားသည်။

" နှိုင်း ဒီက လူကြီးနာမည်က ရဲမာန်ပြည့်ဟိန်းတဲ့၊ ကိုရဲ ဘေးနားက ထိန်လင်းဇော်တဲ့ ၊ ပြီးတော့ နင့်ဘေးနားက တစ်ယောက်က ရှိုင်းဝဋ်သာလွန်တဲ့ ၊ ကိုရှိုင်းက တကယ့် high boss ကြီးလေ ၊ ဒီ bar မှာလည်း သူ့ share တွေတစ်ဝက် ပါတယ် "

Only for you ( မင်းအတွက်သာ)Where stories live. Discover now