Part 5

2.4K 76 0
                                    

Zawgyi

ထိုလူရဲ့အိမ်က ကြီးမားလှသည်။
ခြံဝန်းဟာလည်း ကျယ်ဝန်းလှသည်။
အစိမ်းရောင်အပင်တွေစိုက်ထားပြီး ကြားထဲမှာ တိုက်အဖြူ ရောင်လေးတစ်လုံးဟာ ထီးထီးမားမားရှိလှသည်။

" ဂတိ တည်သားပဲ "
ထိုလူက နှိုင်း အိမ်ထဲဝင်လာလျင် ဝင်လာချင်းမှာဘဲ ဆီးကြိုသည်။
မဆိုးဘူး ကြိုဖော်တော့ရသားပဲ။

" ကျွန်တော်က အာပဲချောင်တတ်တဲ့ သူမဟုတ်ဘူးဗျ "
အစတွေ့တုန်းကတော့ နှိုင်းထိုလူ့ကို အနည်းငယ်ရှိန်ပေမဲ့ နှိုင်းရဲ့ခေါင်းကိုရိုက်ခွဲ ပြီးထဲက ထိုလူ့ကို အမြင်ကပ်နေတာ ယခုထိ ပင်။ စကားဆိုလဲ ဘယ်တော့မှ အကောင်းမပြောချင်တော့။

" ဒီမှာ အန်တီ မာ က မင်းနေရမဲ့ အခန်းလိုက်ပြလိမ့်မယ် ၊ မင်းဒီမှာ နေချင်သလိုနေလို့ရတယ် ၊ ပြီးတော့ ဒီနေ့ည ငါနဲ့ ပါတီ တစ်ခု တတ်ရမှာ ၊ မင်းပါလိုက်ခဲ့ ၊ဝတ်ရမဲ့အင်္ကျီတွေကို အန်တီမာက ယူလာပေးလိမ့်မယ် "

" အင်း ဒါပဲမလား မှာစရာက ၊ ကျွန်တော်နည်းနည်းပင်ပန်းနေလို့နားချင်လို့ "

" အင်းသွားတော့ "

နှိုင်းနေရမဲ့ အခန်းက ကျယ်ဝန်းလှသည်။ တစ်ခန်းလုံးကို နာမည်ကြီး brand တွေက ဇိမ်ခံ ပစ္စည်းတွေပဲသုံးထားတာ ၊ လုံးဝ ဈေးကြီးမှာတော့ အသေချာပဲ၊ ပြီးတော့ နှိုင်း ဝတ်ဖို့ အင်္ကျီတွေကို အိမ်နေရင်းက အစ ၊ ပွဲတတ် အခမ်းအနားတွေအဆုံး ဝတ်ရမဲ့ အင်္ကျီတွေကို ဗီရို အပြည့် ထည့်ပေးထားတာ ၊ အိမ်နေရင်းက ​ယောက်ျားလေးဝတ်စုံပေါ့ပေါ့ပါးပါးတွေဆိုပေမဲ့ ပွဲတတ် ဝတ်စုံအများစုကတော့ မိန်းကလေး တွေဝတ်သလို ဒူးကွဲ body fit အရှည် လို ဝတ်စုံတွေကများသည်။
ပြီးတော့ laptop တစ်လုံးထားပေးထားတယ် ၊ ဖုန်းကလည်း i phone 14 တစ်လုံးထားပေးထားတာ။
ဒီလောက်ထိ မလိုဘူးမလား။ ရှိုင်းကို ပြန်ပေးမလို့သာ နှိုင်း တွေးထားလိုက်တော့သည်။
နှိုင်း လည်း အခန်းထဲကို ဟိုပတ် ကြည့်ဒီပတ်ကြည့်နဲ့ ပတ်ကြည့်ပြီး ရေချိုး အင်္ကျီလဲပြီးကာ အိပ်လိုက်ပါတော့သည်။

ဒေါက် ဒေါက်

" နှိုင်း ထတော့ "

နှိုင်း အသံတစ်ခုကြားလို့နိုးလာခဲ့တာ ၊ နှိုင်း နိုးလာတော့ ညအစောပိုင်းတောင် ရောက်နေပြီ ၊ ပတ်ဝန်းကျင်ဟာလည်း မှောင်စပြုလို့လာသည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now