Part 10

2K 57 0
                                    

Uni

ရှိုင်းက ထုံးစံအတိုင်းပင် နှိုင်း​ကိုပစ်ထားကာ ကောင်မလေးတွေနဲ့သွားကဲနေသည်။
နှိုင်းကတော့ ကားနားလေးမှာဘဲ ငြိမ်ငြိမ်လေးထိုင်နေသည်။

ပါတီပုံစံက ရေကန် ဘေးနားလေးမှာ လူတွေက ဝိုင်းဝိုင်းလည်နေကြပြီး တချို့ကလည်း ရေကန်ထဲမှာ ဝင်ကာ ကခုန် ပျော်ပါးနေကြသည်။
ဒီလို ပါတီပုံစံမျိုးနှိုင်း တစ်ခါမှ မမြင်ဖူးပါ ။
လူတိုင်းရဲ့လက်ထဲမှာလည်း အရက်ခွက်က ရှိသည်။ တချို့ကောင်မလေးတွေက သူတို့ရဲ့ ခပ်မြင့်မြင့် ရင်အုံ ပေါ်ကို ထိုအရက်များလောင်းချ ကာ ကခုန်နေကြသည်။ ဘေးနားက ကောင်လေးတွေကလည်း ထိုအရာကိုကြည့်ကာ သရေတမြမြနဲ့ ကျနေကြသည်။
နှိုင်း ရုတ်တရက်မြင်လိုက်ရတာက ဟိုလူ ၊ ကောင်မလေးတစ်ယောက်နဲ့ နမ်းနေတာကိုပင် ။

"အော် စတွေ့တုန်းက ရိုးရိုးအေးအေး လူကြီးလူကောင်းလို့ဘဲ ထင်ခဲ့တာ ၊ အခုတော့မှားပြီပဲ "

တွေ့ကရာ မိန်းမတွေနဲ့ လိုက်နမ်းနေတဲ့ သူမျိုးဆို နှိုင်းအလွန်ကိုမှ ရွံမိသည်။
နှိုင်းက bar မှာသာ အလုပ်လုပ်ခဲ့တာ ဒီလိုမျိုး သရုပ်ပျက်အောင်တော့ လုံးဝ မနေခဲ့ပါ။

" ဟေ့ ကောင်မလေးတစ်ယောက်ထဲလား "

နှိုင်းတစ်ယောက်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်းမှာဘဲ ကောင်မလေးတစ်ယောက်က နှိုင်းရဲ့ အနားသို့ရောက်လာသည်။

" နှိုင်းလွန်းသာနွယ် ဟုတ်တယ်မလား "

အခုမှ မြင်ဖူးတဲ့သူက သူ့ရဲ့နာမည်ကိုသိတယ်ဆိုတော့ မထူးဆန်းလွန်းဘူးလား။

" သိလှချည်လား ၊ ဒီကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာတော့ သေချာမသိပေမဲ့ ၊ အဖော်ပြုပေး မလို့ဆိုရင်တော့ ပြန်လိုက်တော့ "

" စတီဗင် သူလွှတ်လိုက်တာ "

" စတီဗင်က ဘယ်သူလဲ"
နှိုင်းတစ်ခါမှမကြားဖူးတဲ့နာမည်ပဲ။

" ဟိုမှာတွေ့လား muscel အပြည့်နဲ့ အင်္ကျီချွတ်ထားတဲ့သူ ၊ သူလွှတ်လိုက်တာ "

စောဏက ဟိုလူနဲ့ နှုတ်ဆက်နေတဲ့တစ်ယောက် ပဲ ။ ဒီလူကရော.သူ့နာမည် ကိုဘယ်လို သိတာလဲ ။
ဟိုလူပြောတာဘဲနေမှာပေါ့ ။ ထားလိုက်ပါလေ။

Only for you ( မင်းအတွက်သာ)Where stories live. Discover now