Chapter 7

646 79 0
                                    

『Unicode』

Chapter 7

"ယို့....ဘာတွေဖုံးနေတာလဲ? မင်းရဲ့သေးသေးလေးကို ကိုကိုမြင်မှာကြောက်နေတာလား?" ရွှီဇီယန်သည်ရယ်မောရင်း ရွှီဇီရုန်၏အသေးလေးကို အသာအယာပုတ်ကာ စနောက်လိုက်၏။

ရွှီဇီရုန်၏ခန္ဓာကိုယ် တောင့်သွားပြီး သူခေါင်းထဲမှာ အနှီစကားလုံးတွေသာ ပဲ့တင်ထပ်နေလေ၏။
'သေးသေးလေးကို......သေးသေးလေးကို......'

သာမန်ရင့်ကျက်ပြီးသားလူတစ်ယောက်က အခြားလူတစ်ယောက်ကို ထိုအပြုအမူမျိုးဝေဖန်မှာမဟုတ်ပေမယ့် အခုသူကအမှန်တကယ်ကို သေးသေးလေးဖြစ်နေသည်။

ပြီးနောက် ပိုဆိုးတဲ့အပြုအမူတစ်ခုထပ်ဖြစ်သွားသေးသည်။ သွေးမိစ္ဆာသခင်၏ အလေးထားရသည့် ဇီရုန်အသေးလေးက သူများပုတ်တာခံလိုက်ရသည်။ သူများ! ပုတ်တာ! သူတကယ်ပဲ! ခံလိုက်ရတယ်!

မိစ္ဆာကျင့်ကြံသူတွေအားလုံးထဲမှာမှ ခန့်ညားကြီးကျယ်တဲ့ သွေးမိစ္ဆာသခင်ကြီးကွ!!!

သူက-----ကိုယ်ထိလက်ရောက် စော်ကားခံလိုက်ရတာပဲ!!!

"အမ်....ဒါကတော်တော်ကြီးလွန်းတယ်...ဒါကရုပ်ဆိုးလွန်းတယ်....အာ....ဒါလေးတော့မဆိုးဘူး" ရွှီဇီယန် ခနကပြုလုပ်ခဲ့သည့် အပြုအမူကြောင့် သွေးမိစ္ဆာသခင်ကြီးက အရမ်းဒေါသထွက်နေပေမယ့် ရွှီဇီယန်ကတော့ ရွှီဇီရုန်ရေချိုးပြီးလျှင် ဝတ်ဖို့အဝတ်တွေရှာနေလေရဲ့။

ရွှီဇီရုန်သည် ရွှီဇီယန်အား စိန်းစိန်းဝါးဝါးကြည့်လိုက်ရင်း သူ့ရင်ထဲက ကလဲ့စားချေချင်စိတ်တွေကို တွန်းလှန်နေမိသည်။ လုပ်လို့မဖြစ်သေးဘူး! အနည်းဆုံးတော့ အခုချိန်လုပ်လို့မရသေးဘူး! အကယ်၍သူ ရွှီဇီယန်ကိုကလဲ့စားချေချင်ပါက သူ့မှာစွမ်းအားအလုံအလောက်ရှိနေမှဖြစ်မည်။ အခုလက်ရှိသူ့စွမ်းအားလေးနဲ့ ရွှီဇီယန်ကိုရန်သွားစပါက သူ့ပေါင်သူလှန်ထောင်းသလိုဖြစ်နေလိမ့်မည်။ သည်းခံရမယ်! သူသည်းခံမှရမယ်!

ရွှီဇီယန်သူ့ကို အရှက်ကွဲအောင်လုပ်ခဲ့သည့် အရာအားလုံးကို သူမှတ်ထားသည်။ တစ်နေ့သူစွမ်းအားရှိလာသည့်အခါကျလျှင် ရွှီဇီယန်သူ့ကိုအရာအားလုံး ပြန်ပေးဆပ်စေရမည်!

ငါဗီလိန်ကို ကွေးအောင်လုပ်လိုက်မိပြီ၊ ငါဘယ်လိုပြန်ပြင်ရမလဲ?(ဘာသာပြန်)Where stories live. Discover now