Chapter 57

356 28 0
                                    

Chapter 57

အကယ်‌၍ တစ်ခါတစ်ရံ ကံကောင်းသွားရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူရဲ့ ပို့ချချက်ကို သူရရှိနိုင်မည်ဖြစ်ပြီး ကျင့်ကြံသူတွေထဲက တစ်ယောက်၏အာရုံကို ယူနိုင်တာနဲ့ပင် အတွင်းတပည့်အတွက် လုံလောက်နေပြီဖြစ်ပြီး သာမန်အတွင်းတပည့်ကနေ တကယ့်အစစ်အတွင်းတပည့်အဖြစ်သို့ သူရောက်ရှိသွားလိမ့်မည်။

ပို့ချချက်တွေကို နားထောင်ပြီးနောက် တပည့်တွေဟာ အမျိုးမျိုးသော ကျင့်စဉ်အတတ်ပညာတွေကို ကျင့်စဉ်အတတ်ပညာခန်း၏အနောက်ဘက်က ဆိတ်ငြိမ်ခန်း၌ လေ့ကျင့်ရသည်။ ထိုအခန်းက အလွန်ဈေးကြီးတယ်ဆိုပေမယ့် အတော်လေးလည်း တန်ပါသည်။

ယနေ့အတွက် ရွှီဇီယန်၏ အဓိကရည်ရွယ်ချက်ကတော့ ‌ဆိတ်ငြိမ်ခန်းကို သွားဖို့ပင်ဖြစ်သည်။ ကျင့်စဉ်အတတ်ပညာတွေ လေ့ကျင့်ဖို့တော့မဟုတ်ပေမယ့် သူ့ဆရာသခင်၏အကြံဉာဏ်အတိုင်း သူစမ်းသပ်ကြည့်ဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်………

သူ၏လျှို့ဝှက်ထားသောမိုးကြိုးသွား အခင်းအကျင်းက လျှပ်စစ်အသုံးပြု၏ခန္ဓာကိုယ်က လျှပ်စစ်တွေကို စုပ်ယူပေးသည်။ ထိုစွမ်းအင်တွေကို တစ်နေရာတည်း တည်ရှိနေအောင်လုပ်မှ ရန်သူတွေဆီ သူထုတ်လွှတ်လို့ ရပေလိမ့်မည်။

ဒီပရိယာယ်ကို လေ့လာကြည့်ရင် ပထမအဆင့်က လျှပ်စစ်တွေကို စုပ်ယူရုံသာဖြစ်ပြီး ပထမအဆင့်မှာ စုပ်ယူထားသည့် လျှပ်စစ်တွေကို အသုံးပြုကာ နောက်အဆင့်တွေမှာလည်း ပြန်လှည်စုပ်ယူလေသည်။

လော့တကျောင်က ရေခဲဝိညာဉ်ကျင့်ကြံသူဖြစ်ကာ စိတ်မကောင်းစရာပဲ သူ့လက်ထဲမှာကလည်း လျှပ်စစ်ကသိပ်မရှိတာကြောင့် လျှိုကွမ်းဂိုဏ်း၏ ဝှက်ထားသည့်အဖိုးတန်ရတနာတွေကိုသာ တွေးရုံသာတတ်နိုင်သည်။

သူကသူ့ဆရာသခင်၏ တပည့်ဖြစ်နေရင်တောင် ဘဏ္ဍာတိုက်ကို သူဘယ်တော့မှ ခိုးဝင်မှာမဟုတ်ပေ။ အကယ်၍ သူလုပ်လိုက်ရင်တောင် သူ၏ရှစ်ရှုန်း ဆရာသခင်ကိုသွားပြောလိမ့်မည်။ ဒါပေမယ့် တပည့်တစ်ယောက်အနေနဲ့ သူပိုမိုသန်မာသည့် တည်ဆောင်ခြင်းကို ပြုလုပ်ချင်သည်။ တွေးကြည့်ရရင် လေ့ကျင့်ရေးအခန်းထဲက အဲ့ဒီ'အစိမ်းရောင်မိုးကြိုးသွား'က သူနဲ့အကိုက်ညီဆုံးဖြစ်သည်။

ငါဗီလိန်ကို ကွေးအောင်လုပ်လိုက်မိပြီ၊ ငါဘယ်လိုပြန်ပြင်ရမလဲ?(ဘာသာပြန်)Where stories live. Discover now