Chapter 59

120 12 0
                                    

Chapter 59

စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ရွှီဇီယန် အပြာရောင်ကျောက်တုံးပေါ် လှမ်းလိုက်သည်။

ထိုခြေတစ်လှမ်းတည်းဟာ သေစေနိုင်လောက်သည့် အန္တရာယ်ကိုကျရောက်စေနိုင်သည်။ သူခန္ဓာကိုယ်ဟာ တောင့်တင်းနေပြီး သူ၏ညာခြေထောက်အား အပြာရောင်ကျောက်တုံးပေါ်ကနေ နည်းနည်းမျှ မရွေ့ရဲတော့ပေ။ သူနည်းနည်းလောက်လှုပ်လိုက်တာနဲ့ သေစေနိုင်လောက်သည့် ဘေးအန္တရာယ်ကျရောက်လိမ့်မယ်လို့ သူခံစားနေရသည်။

“ကိုကို?” သူ့ကိုကိုက တစ်ခုခုဖြစ်နေမှန်း ရွှီဇီရုန် သတိထားမိလိုက်တာကြောင့် သူချက်ချင်းပင် ပို၍သတိရှိသွားတော့သည်။ သူပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ပေမယ့် ဘာမူမမှန်တာမှ ရှာလို့မတွေ့ပေ။

ရွှီဇီယန်အတွက်‌ကတော့ မလှုပ်ရှားပဲ အနေအထားကို ထိန်းသိမ်းနေရတာ မလွယ်ကူပေ။ သူ၏အခြားခြေထောက်တစ်ဖက်ကလည်း မလုပ်ရဲသေးတာကြောင့် ကျန်တစ်ဖက်တည်းနဲ့ ရပ်ထားရတာက ခန္ဓာကိုယ်ကိုညီမျှကိုမထိန်းနိုင်ပါ။

သူအံကြိတ်ကာ အပြာရောင်ကျောက်တုံးပေါ်က သူ၏ခြေထောက်ကို ဖြေးဖြေးချင်းပြန်ဆုတ်လိုက်သည်။ သူ၏ညာခြေထောက်တစ်ချောင်းလုံး ကျောက်တုံးပေါ်ကနေ ဆုတ်လို့ရသွားမှ သူသက်ပြင်းရှည်ကြီးချနိုင်တော့သည်။

ရွှီဇီယန် သူ့နဖူးပေါ်ကချွေးအား သုတ်လိုက်သည်။ ဒီချီလင်မျှော်စင်အရှေ့မှာ ဘယ်သူမှမစောင့်ထားတာကို အစတုန်းကတော့ သူအံ့ဩခဲ့ရသည်။ အခုတော့ သူနားလည်သွားပြီ——ဒီနေရာမှာ ဘယ်သူမှမရှိတာက ဒီမြေကွက်လပ်မှာ အစီအရင်ထားရှိထားလို့ပဲဖြစ်ပြီး ဝင်ရောက်ဖို့ကြိုးစားကြသည့် လူတိုင်းကို ဖျက်စီးပစ်လိမ့်မည်!

“အလွန်စွမ်းအားကြီးလှတဲ့ အစီအရင်ပါလား……” ရွှီဇီယန် သက်ပြင်းရှည်ချကာ ပြောလိုက်သည်။

ရွှီဇီယန်၏အမူအရာကိုကြည့်ကာ ဒီအရာက ကြီးမားသည့်အစီအရင်မှန်း ရွှီဇီရုန်သဘောပေါက်လိုက်သည်……

ခဏလောက်တွေးတောပြီးနောက် ရွှီဇီယန် ဝင်ခွင့်ကပ်ပြားကို သူ၏ခါးမှာချိတ်ဆွဲလိုက်သည်။ ဒီတစ်ခါမှာတော့ သူအပြာရောင်ကျောက်တုံးပေါ် လျှောက်လှမ်းလိုက်ချိန်၌ သူ့ခေါင်းပေါ်တစ်ခုခုပြုတ်ကျမည့် အန္တရာယ်ကိုမခံစားရတော့ပေ။

ငါဗီလိန်ကို ကွေးအောင်လုပ်လိုက်မိပြီ၊ ငါဘယ်လိုပြန်ပြင်ရမလဲ?(ဘာသာပြန်)Where stories live. Discover now