Episode 16

2.9K 172 4
                                    

Unicode;
"အားဆောင်းရယ် ကိုယ်နာသွားပြီ"

"ဒီထက်မနာချင်ရင်ဝေးဝေးနေ"

"မနေနိုင်ပါဘူး ကိုယ် နဲ့ဆောင်းကလက်ထပ်ကတော့မယ့်ဟာကို နောက်ဆိုအမြဲတမ်းဒီလိုဖက်အိပ်တော့မှာ"

"ခင်ဗျားကြီးဘယ်လောက်လုပ်လုပ်မမှတ်ဘူးပဲ ဝေးဝေးနေပါဆို ‌ဖယ်"

"မရဘူး မရဘူး ကွာ မနေနိုင်ဘူး"

"အရူးကောင် ခင်ဗျားကောင်းကောင်းပြောတုန်းနားလည်နော် နောက်‌မှကျုပ်ကိုရက်စက်တယ်မပြောနဲ့"

" ဆောင်းကလည်းကွာ"

"ဖယ်ပါဆိုနေ ဖယ် "

"ဟစ်အင်း"

"လုပ် လုပ် လုပ်ချင်တာသာလုပ် ကျုပ်ကိုအရုပ်လိုသာဆက်ဆံတော့ ကျုပ်လည်းဘယ်တော့မှခင်ဗျားအပေါ်ခံစားချက်ရှိလာတော့မှာမဟုတ်ဘူး "

"ဆောင်း ကိုယ်တို့ကလေးယူရအောင်"

"ဘာ!!!!!"

"ခင်ဗျားရူးနေလား ကျုပ်ဒီမှာအဲ့ကိစ္စကြောင့်ဆေးရုံရောက်နေတာမမြင်ချင်ဘူးလား ခင်ဗျားအသေသာကျုပ်ကိုသတ်လိုက်တော့"

"အခု မဟုတ်ပါဘူး နောက် တစ်ပတ်နှစ်ပတ်လောက်ကြမှ စလှုပ်ရှားမယ်လေ"

"မရဘူး မယူဘူး ခင်ဗျားဆီမှာကျုပ်တစ်သက်လုံးမနေနိုင်ဘူး"

"မင်းစဉ်းစားကြည့်ပါအုံးဆောင်းရယ် ကိုယ် ရယ် ကိုယ်တို့ ကလေး၃ယောက်ရယ် မင်းလေးရယ် နဲ့အဲ့စံအိမ်ကြီးမှာနေရမှာ ဘယ်လောက်ပျော်စရာကောင်းလည်း"

"မကောင်းပါဘူး သူများသားသမီးကိုသူမ‌ေမွးရတိုင်းကလေးသုံးယောက်ဆိုပဲ မမွေးဘူးရှင့်လိုဒုစရိုက်အလုပ်တွေလုပ်တဲ့လူနဲ့ကျုပ်ကလေးမွေးရင် ကျုပ်ကလေးတွေ ဒုစရိုက်သမားတွေဖြစ်ကုန်မှာပေါ့"

"ဆောင်းကလည်းကွာ ကိုယ်ကအဲ့‌‌ေလာက်လည်းမဟုတ်ပါဘူး"

"မရဘူး လက်ထပ်တာတောင်ကျုပ်အမေနဲ့ချိန်းခြောက်လို့ ဘာမှ မလုပ်နိုင်ဘဲငြိမ်နေရတာ ပြီးတော့ပြောထားမယ်ခင်ဗျားကျုပ်ကိုလက်ထပ်လိုက်တဲ့နေ့က ခင်ဗျားဘဝမှာအမှားတွေနဲ့ပဲရင်ဆိုင်ရမယ်ဆိုတာကိုမှတ်ထား"

အိပ်ယာထက်ကအနမ်းပွင့်Onde histórias criam vida. Descubra agora