Episode 18

3.5K 150 0
                                    

Unicode;
"တီ ....တီ .."

သူမရဲ့ရင်ဘက်က ရုတ်တရက် ပြင်းပြင်းထန်ထန်ဖောင်းလိုက်ပိန်လိုက်ဖြစ်လာပြီးသူမကအသက်ရှူဖို့ခတ်ခဲစွာကြိုးစားနေပုံပင်

ထိုအချိန်အရေးပေါ် နှလုံးခုန်စက်ကထမြည်လာသောကြောင့်ဦးထိခေါင် စိတ်ပူလာပြီးအသည်းအသန်ပင် ဆရာဝန်ကိုပြေးခေါ်ရတော့သည်

"ဒေါက်တာ...!!!!ဒေါက်တာ...ကျွန်တော့မိန်းမ အသက်ရှူနေတာကထူးဆန်းနေလို့ပါဒေါက်တာ ကယ်ပါအုံး"(စပိန်စကား)

ချောမွေ့ကျောရှင်းသောမျက်နှာပြင်များကမျက်ရည်များပြည့်နှက်နေပြီးသူပုံစံက အရာရာကို ဆုံးရှုံးသွားရတော့မှာကြောက်‌ေနတဲ့ပုံစံမျိုးပင်

ဆရာဝန်ကလည်းဦးထိခေါင်လာသည်နှင့် အခြေနေကို နားလည်သွားသောကြောင့်အမြန်ပဲလူနာရှိရာအခန်းသို့ပြေးတော့သည်

‌ဘေးခန်းက ဦးရာဇကလည်းနိုးသွားပြီး အခြေနေတွေကို ကူညီပေးနိုင်ရင်ကူညီလို့ရအောင် ထွက်လာခဲ့တော့သည်၊ဆောင်းနိုးမေကတော့မနိုးပဲ စောင်လေးကိုကွေးကွေးလေးခြုံထားပြီးအိပ်မောကျနေသည်

ထို့နောက်

"‌အရေးပေါ်ခွဲစိတ်မယ်ခွဲစိတ်ခန်း အမြန်သင့်ပြင်ထားလိုက်"(စပိန်စကား)

"ဟုတ်ကဲ့ဆရာ"(စပိန်စကား)

nurse မလေးကလည်း မြန်မြန်ခွဲစိတ်ခန်းကို ပြင်ဆင်ထားလိုက်ပြီးငွေသော်တာကို အရေးပေါ်ကုတင်တွန်းလှည်းပေါ်ကိုတင်ပြီးခွဲစိတ်ခန်းထဲခေါ်သွားတော့သည်

ဦးထိခေါင်ကလည်း အရူးမီးဝိုင်းသလိုဖြစ်နေပြီးသူမလေးတစ်ခုခုဖြစ်မှာကိုအသည်းသန်ကို စိုးရိမ်နေ‌ေလသည်

ထိုအခြေနေဖြစ်နေသောဦးထိခေါင်ကို ဦးရာဇက ပခုံးလေးကိုထိ‌ကိုင်ပြီး ချော့မော့‌ေပးနေရသည်

ဦးထိခေါင်နှင့်ဦးရာဇသည်အဖေတူမအေကွဲဖြစ်သော်လည်း ညီအကိုအရင်းချာတွေလိုတော်တော်ချစ်ကြသည်

ထို့နောက်အခန်းပြင်ကဆူညံသံတွေ‌ေကြာင့်မမနိုးမေနိုးလာခဲ့သည်

အချိန်က မနက်၃နာရီပင် ငွေသော်တာလည်း ခွဲစိတ်ခန်းထဲဝင်သွားတာ ၁နာရီနီးပါးလောက်ကြာနေပြီဖြစ်သည်

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now