Episode 28

2.6K 89 8
                                    

Unicode:
အခုတော့သူမကကွာရှင်းဖို့အရင်ပြောလိုက်တာလား သုံးနှစ်လုံးလုံးတစ်လုံးမှတောင်မပြောထွက်ခဲ့ပဲနဲ့

"ကွာရှင်းကြမယ် ရှင်လည်းလွတ်လပ်တာပေါ့"

"မကွာနိုင်ပါဘူး မင်းကွာချင်တိုင်းကွာရအောင် ဒါကလေးကစားစရာအလုပ်မဟုတ်ဘူး"

"ရှင်တွက်မဟုတ်ပေမယ့်ကျွန်မအတွက်‌ဟုတ်တယ် ကျွန်မက ရှင့်ကိုဘယ်လိုကြိုက်ပြီးယူခဲ့လည်းဆိုတာမသိပေမယ့် မက်မက်မောမောနဲ့ရှင်ဖောက်ပြန်နေတာကိုသည်းခံပြီး ဆက်နေနေမယ့်မိန်းမမျိုးမဟုတ်ဘူး"

"အဲ့လိုမဟုတ်ဘူး ဒါကအရင်ကကိစ္စတွေပါ ကိုယ်အားလုံးဖြတ်ပြီးပြီ အခုကကိုယ်တို့အရင်လိုပဲချစ်ချစ်ခင်ခင်နေသွားကြမယ်"

"ဖောက်ပြန်နေတဲ့လူကိုခွင့်လွှတ်ပေးရလောက်တဲ့ထိကျွန်မ သဘောထားမကြီးဘူး ကွာရင်ကွာ မကွာရင် ကျွန်မကိုယ်ကိုကျွန်မသတ်သေမှာ"

"ဘယ်လို"

"ကျွန်မ နာကျင်စရာတွေကို သိမ်းပိုက်ပြီးမနေတတ်ဘူး လူဘဝကြီးထဲမှာကျွန်မပျော်ရွှင်မှုမရှိရင် ကျွန်မဘာလို့နေတော့မလဲ"

"ကျစ် တောင်းပန်ပါတယ် ကိုယ်ဒူးထောက်ပါတယ် အရင်လိုပြန်နေရအောင်ကွာ ကိုယ့်ကိုအခွင့်ရေးပေးပါ"

"မပေးနိုင်ဘူး ကလေးကရောဘယ်မှာလဲ ကလေးကိုကျွန်မခေါ်သွားမယ် သူ့ကိုမိ‌ထွေးတွေနဲ့မနေစေချင်ဘူး ဘယ်မှာလဲကလေးက"

"ကိုယ်တို့ကလေးလား"

"အွန်း"

"ဆုံးသွားပြီ လွန်ခဲ့တဲ့နှစ်နှစ်က"

"ဘာ!"

"အဲ့လိုလေးတွေရှိခဲ့တယ် အကုန်မေ့ထားလို့ရတယ် စိတ်ထိခိုက်မခံပါနဲ့"

"ကိုယ့်သွေးသားရင်းဆုံးသွားတာကိုရှင်ကမေ့နိုင်တယ်ပေါ့ရှင်တော်တော်ဆိုးတဲ့လူပဲ  ဘယ်လိုမှရှင်နဲ့‌ရှေ့ဆက်မနေနိုင်ဘူး"

"ကိုယ်မှားတာ မင်းကိုစိတ်ငြိမ်ဆေးထိုးပေးလိုက်ရမှာ "

"ဘာပြောတယ်"

"အားလုံးကိုပြောပြမှာမို့လို့အခု စိတ်ငြိမ်ငြိမ်ထားပြီးနေ"

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now