Episode 34

1.9K 67 4
                                    

Unicode
ဦးရာဇအဖေ ဦးပုလဲကြွယ် မြေးရတော့မယ့် အခွင့်လမ်းကြောင့်စပိန်နိုင်ငံကိုဒိုင်ဗင်ထိုးပြီးလာခဲ့တာ အခုတော့ဦးရာဇတို့အိမ်ကိုရောက်ရှိလာခဲ့ပြီ

လွန်ခဲ့တဲ့2နှစ်က မြေးပေါက်စီ နူးလေး မတော်တဆသေဆုံးတာနဲ့ပတ်သက်ပြီး တစ်မျိုးသားလုံးယူကြုံးမရဖြစ်ခဲ့ရတာအခုတော့ နူးလေးလိုချစ်ဖို့ကောင်းတဲ့မြေးလေးရတော့မည်ဆိုပြီးသိပ်ကိုပျော်ခဲ့ရတယ်

"လာကြပြီလား"

"ဟုတ်ကဲ့အဖေ "

မပေါ့မပါးနိုးမေ ကို ကူတွဲပေးသောဦးရာဇကမဖြေနိုင်သဖြင့်နိုးမေက ဦးရာဇအစားပြန်ဖြေလိုက်သည်

နိုးမေကိုဆိုဖာခုံပေါ်တင်လိုက်ပြီးဦးရာဇနိုးမေဘေးဝင်ထိုင်ကာအင်ထရာဆောင်းဓာတ်ပုံကိုဦးပုလဲကြွယ်ဆီပေးလိုက်သည်

"ချစ်စရာငါ့မြေးလေးတွေ နှစ်ယောက်တောင်ကွာလုံးဝကိုဘုရား‌ပေးတဲ့ကံကောင်းခြင်းလက်ဆောင်လေးတွေပဲအဖေအရမ်းပျော်တယ်ကွာ"

"ဟီး ..ဆောင်းတို့ရောပဲ"

"အေးကွာ ငါ့ချွေးမလေးကိုကျေးဇူးတင်လိုက်တာဒါနဲ့ဘာလေးတွေတဲ့လဲ"

"တစ်ယောက်က ယောကျာ်းလေးတစ်ယောက်က မိန်းကလေးပါ"

"တော်သေးလို့မြေးယောကျာ်း‌လေးပါလို့ တို့မိသားစုအတွက်အမွေဆက်ခံဖို့ မျိုးဆက်လေးရှိနေသေးတာပဲ"

နိုးမေရုတ်တရက်မျက်နှာပျက်သွားပြီးထိုစကားက သူမသမီး ဂရုမစိုက်ပဲမလိုတဲ့စကားလား

ဦးရာဇလဲထိုသို့ခံစားရ၍

"အဖေ ဘာလို့လဲ မိန်းကလေးလဲ အမွေဆက်ခံလို့ရတာပဲလေ"

"မင်းနားမလည်ပါဘူး ရာဇ ဘာပဲဖြစ်ဖြစ်မင်းတို့ကိုကျေးဇူးတင်ပါတယ်"

"မလိုဘူး သူ့အချိန်တန်လို့ရောက်လာကြတာပဲ နှစ်ယောက်စလုံးကလာဘ်ကောင်လေးတွေ
ကျွန်တော့်စီးပွားရေး အရမ်းအောင်မြင်လာအောင်အကျိုးပေးတာ"

"အဲ့တော့ထူးထူးဆန်းဆန်းမင်းဘာကြောင့်အလင်းဝင်ရတာလဲ"

"သားသမီး‌နဲ့မိန်းမကြောင့်ပါအဖေ ဘာလို့ဆို ကျုပ်သားသမီးတွေကို ကောင်းတဲ့အငွေ့သက်လေးတွေနဲ့ကြီးပြင်းလာစေချင်လို့"

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now