Episode 23

2.8K 116 8
                                    

Unicode;
(မနေ့က ချစ်တို့ကိုတင်ပေးဖို့လုပ်ထားတာပဲ မsaveမိတော့ နည်းနည်းအောက်ပိုင်းလေးတွေကပျက်သွားတယ်အဲ့ဒါကြောင့်ပြန်‌ေရးရင်းupdateနောက်ကျသွားတာပါဒီနေ့မင်မင်အဆင်ပြေရင်နှစ်ပိုင်းတင်ပေးပါမယ်နော်)

မိုးပြာရောင် ဂါဝန်တိုလေးကိုဝတ်ဆင်ထားပြီးလှ စာကြည့်ခန်းတံခါးလေးကိုဖွင့်ပြီးဝင်လာသော နိုးမေကိုကြည့်ရင်း ဦးရာဇစာဖတ်နေရင်း တံတွေးတစ်ချက်မြိုချလိုက်သည်

သူတွေ့ခဲ့ဖူးတဲ့ ကလေးမလေးက ဒီလောက်တောင်လှရက်ရသလား

နိုးမေဦးရာဇရှေ့လာထိုင်နေပြီး ဦးရာဇစာဖတ်နေသည့်အခါစားရန် ခွဲခိုင်းထားသောပန်းသီးများကိုတစ်ခုချင်းယူစားနေသည်

ထို့နောက်နိုးမေက

"ဘာကြည့်တာလဲ"

"အော မဟုတ်ပါဘူး ဂါဝန်တွေဘာ‌ေတွဝတ်ထားလို့ပါလား "

"အွန်း ဝတ်စရာမရှိတော့လို့ ဝတ်လာခဲ့တာလှလား"

"လှတာပေါ့ပြောရက်စရာကိုမရှိဘူး ဒီလိုမိန်းမမျိုးကိုယ်ယူခဲ့တာ ဘဝမှာအမှန်ဆုံးကိစ္စပဲ"

အပိုတွေပြောနေတယ်ဆိုတဲ့မျက်နှာကိုနိုးမေလုပ်ပြလိုက်ပြီး

"ဒါနဲ့ကျုပ်ဘယ်နေ့လောက်ကျုပ်အိမ်ကိုသွားရမလဲ"

"ဘယ်နေ့သွားချင်လို့လည်း"

"ရတယ်လေ နီးလေကောင်းလေပဲ မနက်ဖြန်လည်းအဆင်ပြေတယ်"

"ဟမ် ကိုယ်ကတော့ဝေးရင်ကောင်းလေပဲ မသွားရင်လည်းပိုကောင်းတယ်"

"ဟဲ့လူကြီး ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော် ဒီမှာ မခွဲနိုင်ဘူးဆိုလို့လဲ ခေါ်သွားမယ်ပြောထားတယ် ရောက်မတက်နဲ့ ဘာမှမရဘဲနေမယ်"

"အဲ့လိုမဟုတ်ပါဘူးမိန်းမရယ် ကိုယ်တကယ်လိုက်ပို့ပေးမှာပါ ဘာမှမရဘဲနေမယ်လို့တော့မပြောပါနဲ့"

မျက်နှာငယ်သွားတဲ့ ဦးရာဇမျက်နှာကိုမြင်ပြီး နိုးမေစိတ်ထဲသနားသွားသည် ထို့ကြောင့် ပြန်ချော့သလိုပုံစံဖြင့်

"စားမလား"

ဦးရာဇကိုကျွေးရန်ပန်းသီးလေးနဲ့ရွယ်လိုက်သည်

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now