Episode 21🚨🚨

8.2K 122 3
                                    

Unicode;
"အဲ့တော့မမ ကအခြေနေကောင်းတာပေါ့"

"ဟုတ်တယ်မရီး ဘေဘီက ပြန်သတိရမှာ‌တဲ့ဆရာဝန်ကပြောသွားတယ်"

"ဝမ်းသာပါတယ် အကို"

"ဟုတ်ကဲ့ပါ ပြီးတော့ဂုဏ်ယူပါတယ်နော်weddingအတွက် တကယ်ဆို ကျွန်တော် ဘေဘီလက်ကိုဆွဲပြီး တက်ပေးခဲ့ရမှာ "

"နားလည်ပါတယ် အကို ကျုပ် အဲ! ဆောင်းလည်း အကို့ ကိုနားလည်ပါပြီ အဲ့တုန်းကမမကိုစိတ်ပူပြီး အော်လားဟစ်လားလုပ်ခဲ့မိလို့လည်းတကယ်တောင်းပန်ပါတယ်"

"ရပါတယ် ကျွန်တော်စိတ်ထဲမထားပါဘူး"

အဆင်ပြေနေကြသော ညီနဲ့မိန်းမဖြစ်သူကိုကြည့်ရင်းဦးရာဇ ဝမ်းသာမိတာတော့အမှန်ပင်

သူမလေးလိုခပ်စွာစွာပုံစံနဲ့ ‌သူ့ညီလို ထင်ရာလုပ်တက်တဲ့ပုံစံနဲ့ အဆင်မပြေမှာသူစိုးရိမ်ခဲ့တာအခုတော့နှစ်ယောက်သားကအတိုင်ဖောက်ကိုညီနေလို့တာပဲ

"မိန်းမ ဒီနေ့ကစပြီး ‌ကိုယ့်ကိုယ်ကိုဆောင်းလို့သုံးပြီးပြောနော် အရမ်းချစ်ဖို့ကောင်းတယ်သိရဲ့လား"

"နေစမ်းပါ မမယောကျာ်းရှေ့မှာကျုပ်လို့ ပြောတာရိုင်းမှာစိုးလို့ကိုယ့်ကိုယ်ကို‌ဆောင်းဆိုပြီးအမြဲတမ်းတော့မပြောချင်ပါဘူး"

"ဘာလို့လဲ ချစ်ဖို့ကောင်းတာကို ပြောပါ နော်"

အကိုဖြစ်သူနဲ့မရီးကိုကြည့်ရင်းဦးထိခေါင်ရဲ့ရင်ထဲကြည်နူးနေမိကာ အကိုဖြစ်သူလို ခဏခဏစပြီးမခံချင်အောင်ပြောလိုက် ရိုပြလိုက်နဲ့လုပ်‌ေနတာကိုမရီးကမခံပဲကပ်ကပ်လန်‌အောင်ပြန်ပြောပုံထောက်တော့ တူလေး သို့မဟုတ် တူမလေးရတော့မှာကိုတော့သူ မြင်ယောင်နေမိသည်

ထို့နောက်နိုးမေကပြောနေရင်းတန်းလန်း ငွေသော်တာဆီရောက်သွားပြီး မေ့မျောနေသောသသူမလက်ကိုဆွဲကိုင် ကာ

"မမ ကျုပ် ယောကျာ်းရသွားပြီ မမကျေးဇူးနဲ့ သိရဲ့လား ကျုပ်ကို မ‌ကြိုက်ရင်လည်းယောကျာ်းမရှာပေးပဲမိန်းမရှာပေးရမှာပေါ့အခုတော့ ဒီလိုအရှုပ်ထုပ်ကြီးနဲ့လက်ထပ်ပြီးဘဝကိုဖြတ်သန်းရတော့မယ် ဘယ်လိုလုပ်မလဲ"

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now