Chapter 25

2.2K 135 28
                                    

နယ်စပ်ရှိစစ်ပွဲသည်အရှိန်အဟုန်ပြင်းပြင်း​
​တောက်​လောင်လျက်ရှိ​သောမီးပုံလို​လောင်မြိုက်လျက်ရှိသည်။
​ရှောင်းပြည်နယ်ဘက်က စစ်မက်​ရေးရာ၏ဘုရင်မင်းမြတ်လို့တင်စားကြသည့်စစ်သူကြီးဝမ်ရိ​ပေါ်သည် တပ်သား၅​ထောင်​ကျော်ရှိ​လာ​သောတပ်ကိုဦး​ဆောင်လျက်ချန်ပြည်နယ်ထဲကို ထိုး​ဖောက်ဝင်​ရောက်လျက်ရှိသည်။

စစ်ပွဲအတွင်းစစ်သူကြီး​ရေးဆွဲသွား​​သောဗျူဟာ​တွေဟာ ဟာကွက်မရှိ။စစ်​ရေး​ကောင်း​သော တပ်မှုး​တွေက ထိုဗျူဟာကိုဝန်းရံအားဖြည့်သည့်အခါ ချန်ပြည်နယ်ကရှုံးပွဲအလီလီဆင်နွှဲရ​တော့သည်။

စစ်သူကြီးသည်နယ်စပ်က​နေ ပြည်နယ်အတွင်းပိုင်းထိထိုး​ဖောက်ဝင်​ရောက်သည်။
တပ်ရင်း​တွေကိုတစ်ခုပြီးတစ်ခုသိမ်းကာပြည်နယ်​တွေကို ​ရှောင်းဧကရာဇ်၏အာဏာရိပ်အ​အောက်ဝင်​ရောက်​စေသည်။

ယခုဆိုချန်ပြည်နယ်ဘက်တွင်မူရင်း တိုင်းပြည်​မြေပုံ၏တစ်ဝက်မျှသာ အာဏာစက်,သက်​ရောက်​တော့သည်။
သို့တိုင် ချန်မင်းကြီးကယခုထိအလံဖြူမပြ​သေး။အဆုံးထိ​တောင့်ခံထားဖို့ရည်ညွှန်း​နေဟန်တူ၏။
စစ်သည်တ​ဖြေး​ဖြေးနှင့်အချိန်ကြာလာသည်မှာ လဝက်တစ်ဝက်မျှ​တောင်ရှိ​လေပြီ။

အဆုံးထိသိမ်းပိုက်ဖို့ပြင်ပြီးစစ်​ရေးထိုးဖို့ဗျူဟာဆက်ဆွဲ​နေသည့်အချိန်မှာ ချန်ဘက်ကအလံဖြူ​ထောင်လာသည်။

"ချန်ဘက်ကအလံဖြူ​ထောင်လိုက်ပြီ စစ်သူကြီး.."

​ရှေ့​ပြေးတပ်လျှင်သားလာ​​လျှောက်ခြင်းနဲ့အတူစစ်သူကြီးဝမ်ရဲ့နှုတ်ခမ်း​တွေဟာ​မျဥ်း​ဖြောင့်တစ်​ကြောင်းနှယ်​ဖြောင့်တန်းသွားသည်။
စစ်ပွဲ၏သ​ဘောမှာတစ်ဖက်ကအလံဖြူ​ထောင်ပြလျှင်ဆက်မတိုက်ရ​သော သ​ဘောရှိသည်။တစ်နည်းအားဖြင့်အရှုံး​ပေးလိုက်ခြင်း​ကြောင့် တစ်ဖက်ကအလိုလိုအနိုင်ရလာခြင်းဖြစ်သည်။

စစ်သူကြီးဝမ်သည် အလံဖြူပြ၍စစ်ပွဲရပ်ရခြင်းကိုမနှစ်မြို့။အဆုံးအဖြတ်ရှိစွာနဲ့တစ်ဖက်ကိုနိုင်​တာ​ပေါ်လွင်​အောင်တိုက်ချင်သူပင်။သို့​ပေသိ အလံဖြူထောင်ထားသည့်တစ်ဖက်ကိုဆက်ပြီး​တော့တိုက်ခိုက်ခြင်း​တော့မပြုပါ။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now