-8-

2.7K 179 18
                                    

   "ပေါင်ပေ့"

  "ဟင် "

"ကိုယ် ပုံစံက အဆင်ပြေရဲ့လား "

"ပြေပါတယ် မောင် ရဲ့ ပြေတာထပ်ကို ပိုနေသေးတယ် "

  "ဟုတ်လို့လား ပေါင်ပေ့ရဲ့ ကိုယ်ကိုအမြင်မကြည်ရင်ဘယ်လိုလုပ်မလဲ"

  "ငါရဲ့ မောင်က အဘက်ဘက်ကပြည့်စုံနေတာလေ အမြင်မကြည်စရာဘာအကြောင်းမှမရှိဘူး"

  "ဟုတ်ပါပြီကွာ"

  "မောင်က အရင်နေ့တွေက ထပ်အရမ်းချောတယ် ငါတောင်မနာလိုဖြစ်လာပြီ"

  "ဟား ကိုယ်ပေါင်ပေ့က အတက်လေးကွာ "

ပေါင်ပေ့အပြောကြောင့် ရိပေါ် ခပ်ဖွဖွသာ ပြုံးရတယ် အင်း တစ်ခြားလုပ်ငန်းရှင်ဧည့်သည်နဲ့တွေ့ရင်တော့ သူမှာ ဘာမှ မဖြစ်။

အခုက ကိုယ်မတော်ရသေးတဲ့ ယောက္ခမ
အိမ်ကို သွားရမှာဖြစ်တယ်။

သူအနည်းငယ်တော့ ကြောက်ပါတယ်။
စိတ်လှုပ်ရှားလွန်းလို့လက်ဖဝါးတွေမှာတောင်
ချွေးစလေးတွေ စို့နေတယ်။

လက်မှာလည်း အထုပ်တွေအပြည့်။ မုန့်တွေနဲ့ လိုအပ်တဲ့ လူကြီးအသုံးအဆောင်ပစ္စည်းတွေ။

  မောင်က အရမ်းသိတက်လွန်းပါတယ်။

သူမောင်ရွေးချယ်လို့ ဘယ်တော့မှနောင်တမရပါ။
သူအတွက်နားလည်ပေးတက်သူ။ သူကို ဦးစားပေးသူ။ ချစ်ပေးတဲ့မောင်ကို သူ အရမကျေးဇူးတင်ပါသည်။

မောင်က လေ အရမ်းချောတာ အခုနေ့ပြင်ဆင်ထားတာလည်း မင်းသားရှုံးတယ်။

သူ မောင်နဲ့ ချစ်သူဖြစ်တာတောင်
အနည်းအငယ် စိတ်မကောင်းဖြစ်မိတယ်။
မောင်လို လူက သူကိုချစ်ပေးလို့...

.

.

.

အိမ်ရှေ့အ၀ ရောက်တော့ မောင်က သူလက်ကို တင်းတင်းဆုပ်ကိုင်လာတယ်။ ရော ခက်ပါလား မောင်ရယ် ကြောက်နေရသေးတယ်

ရှောင်းကျန့်လည်း မောင်လက်ကို အုပ်ကိုင်ပြီး အားပေးစကားပြောတယ်။

  "မောင် ဘာမှကြောက်စရာမလိုဘူး ပေါင်ပေ့ ပါးနဲ့မားကလည်း မောင် ပါးနဲ့ မားလို သဘောထား သိလား"

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now