"ပေါင်ပေ့"
"ဘာလဲ!"
ကြည့် ကြည့် ဘောက်ဆပ်ဆပ်အသံလေးနဲ့ပြန်ပြောနေတာလေးက ချစ်စရာကောင်းလွန်းပါပေတယ်။
၀မ်ရိပေါ်မှာ သူရဲ့ချစ်မ၀တုံးလေးကို ပေါင်ပေါ်ဆွဲတင်တော့ အတင်းရုန်းကန်လာတဲ့ဟာလေး။ အားသန်တဲ့ ၀မ်ရိပေါ်က ခါးလေးကိုရော ခြေထောက်လေးတွေပါ ချုပ်ထားမှ ငြိမ်ကျသွားတယ်
ဒါတောင်မျက်စောင်းလှလှလေးတွေက ခနခန ထိုးနေပါရဲ့။ရိပေါ်အမူအယာလေးတွေကို သဘောတကျကြည့်ရင်း ပေါင်ပေ့ရဲ့မွေးညှင်းနုနုလေးတွေရှိတဲ့ပါးပြင်လေးကို ရွှတ်ကနဲ့ နမ်းပစ်တယ်။
"ဖယ် မနမ်းနဲ့"
"ချစ်လို့လေကွာ"
"ချစ်မနေနဲ့ ပစ်ထားခဲ့အုန်းမှာကို"
"အလုပ်အရသွားရမှာပါ ပေါင်ပေ့ရာ ကိုယ်ကဘယ်လိုလုပ်ပေါင်ပေ့လေးနဲ့ခွဲချင်ပါ့မလဲ"
ရိပေါ်က ပြောရင်း ရှောင်းကျန့် ဆံနွယ်အိအိလေးကို ခပ်ဖွဖွပွတ်သက်ပြီးပြောတော့ သခင်အိမ်မွေးလိမ္မာတဲ့ကြောင်ပိစိလေးလို
ငြိမ်ပြီး အပွတ်အသက်ခံနေတော့တယ်။
ရိပေါ်ကလည်း မခွဲချင်ပါဘူး ဒီကလေးလေးနဲ့ ဒါပေမဲ့ အလုပ်တစ်ဖက်ရှိနေတော့မခွဲချင်လည်း ခွဲရတော့မှာ။"လွမ်းနေရတော့မှာ မောင်ရာ "
"မောင်လည်း လွမ်းနေရမှာပေါင်ပေ့ရဲ့"
ခပ်ချွဲချွဲအသံလေးကြောင့် ရိပေါ်မှာအတော်လေးအရည်ပျော်နေပြီ။ မသွားချင်ပေမဲ့ ပေါင်ပေ့နဲ့သူရဲ့ ရှေ့ရေးရှိတာကြောင့်မသွားမဖြစ်သွားရမှာ။ ပေါင်ပေ့ကိုယ်သူကိုယ်တိုင်သူပိုက်ဆံနဲ့ တောင်းမှာ။
ဒီကလေးလေးနဲ့အမြန်ဆုံး လက်ထပ်ချင်တယ်။ ပိုင်ဆိုင်ချင်နေပြီ။
"မောင် "
"ပေါင်ပေ့ အကြာဆုံး 1ပတ်ပဲ"
"1ပတ်ကြီးများတောင် !"
ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲကနေထွက်ကာ လက်ညှိးတစ်ချောင်းထောင်ပြီး အံ့သြလွန်းတဲ့မျက်လုံးလှလှလေးတွေနဲ့ကြည့်ကာပြောတယ်။ မျက်ရည်တွေကပါ ချက်ချင်းဝဲလာတာ
သူမောင်နဲ့ 1စက္ကန့်တောင်မခွဲချင်ဘူး။
YOU ARE READING
" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionလူတစ်ယောက်ကို စတွေ့ကတည်းကတစ်ဘ၀လုံးစာ ချစ်မိလိမ့်မယ်လို့ မထင်ခဲ့မိဘူး