-18

2.6K 159 45
                                    

ညနေရောက်တော့ ရှောင်းကျန့်အသားတွေပူပြီးဖျားတော့တယ်။
ခပ်နွေးနွေးအသားတို့ကြောင့်လူက ရှိန်တိန်တိန်နဲ့နေရတာ အဆင်မပြေ။

အိပ်ယာကနိုးလာတော့လည်း ဘေးမှာမောင်က မရှိ။

လူကအားနည်းနေတာကြောင့် ၀မ်းနည်းစိတ်တို့ကတရိပ်ရိပ်တက်လာတော့တယ်။
တကယ်ဆိုအခုအချိန်မှာ မောင်ရဲ့ အလိုက်တသိထွေ့ပွေ့မှုတွေကို
ရရှိရမှာ..

မောင်ကအခုသူကိုထားပြီး..

ရှောင်းကျန့်ပလက်အိပ်နေရင်းကနေ အလိုက်မသိတဲ့ မျက်ရည်ပူတို့ဖြတ်စီးဆင်းသွားတယ်။
အသံတိတ်ငိုနေရင်းကနေ နှာခေါင်းတွေကပါ ပိတ်လာတယ်။
တစ်ကိုယ်လုံး လှုပ်မရအောင်နာကျင်နေတာကြောင့် လက်ညှိုးတစ်ချောင်းလှုပ်ဖို့အတွက်တောင်သူမှာ ခက်ခက်ခဲခဲ။

ရှောင်းကျန့် အားယူထလိုက်ပြီး။ ငုတ်တုတ်ထိုင်တော့ ခါးရိုးတစ်ရှောက် မလှုပ်နိုင်အောင် အောင့်မျက်နေတယ်။

ပေါင်တွေကလည်း စိမရအောင်နာနေတယ်။
ခြေထောက်တွေကလေးလံတယ်။

ဘာပဲဖြစ်ဖြစ် အားတင်းပြီးထလိုက်ကာ။ ယိုင်တိုင်တိုင်နဲ့ တံခါးဆီကိုသွားဖွင့်တယ်။
တံခါးဖွင့်ပြီး။ ရှောင်းကျန့်အောက်ထပ်ဆင်းဖို့အရမ်းကြောက်နေတယ်။
လှေကားထစ် 200ကျော်ရှိတာကြောင့် ဒီလှေကားဆင်းရင်သူ သေသွားနိုင်တယ်။
၀မ်အိမ်တော်က ဓာတ်လှေကား အိမ်မှာဆင်ထားပေမဲ့။ မနက်ကမှ ဓာတ်လှေကားပျက်နေတာကြောင့် ဆင်းလို့မရ။

သူလည်း လှေကားလက်ရမ်းကိုကိုင်ပြီး အားယူဆင်းတယ်။ဆင်းရတာလုံး၀အဆင်မပြေ
လှေကားတစ်ထစ်ဆင်းတိုင်း လူက မူးဝေလာတယ်။

လက်ရမ်းကိုင်ကာဆင်းနေရင်း လှေကား၁၀လောက်ဆင်းပြီတော့ လူက ချွေးသီးချွေးပေါက်တွေကျလာတယ်။
မျက်နှာနုနလေးမှာ နီရဲနေပြီး အောင်နှုတ်ခမ်းလေးကိုဖိကာ
ကြိုတ်ထားသေးတယ်။

ထိုလိုနဲ့ နာရီ၀က်ကြာမှ အိမ်အောက်ထပ်ရောက်ဖို့လှေကား3ထစ်
ပဲကျန်တော့တယ်။လှေကားပေါ်မှာ
မောင်အရိပ်အခြေကြည့်ပေမဲ့ လုံး၀မတွေ့။

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now