ရှောင်းကျန့် ၀မ်မားကိုဝိုင်းကူပြီး နေ့လည်စာ စားဖို့ ဟင်းကူချက်ပေးနေခြင်းဖြစ်တယ်။
ဟိုကလေးမကို တစ်ချက်လှမ်းကြည့်တော့ မောင်အလုပ်လုပ်နေတဲ့နေရာမှာ ကပ်ပါးတစ်ကောင်လို လိုက်ကပ်နေတော့တယ်။
စိတ်ရှုပ်ဟန်တူတဲ့မောင်ကလည်း ထိုမိန်းကလေးကို တစ်စက်မှ မကြည့်
အမြင်မတော် ၀တ်ဆင်ထားမှုက အရမ်း ကြည့်ရဆိုးနေတော့တယ်။"မား ဟင်းမြည်းကြည့်ပါဦး"
"ပေးလေ သားရှောင်း"
၀မ်မားကို ဟင်းအရည်အနည်းအငယ်ဇွန်းလေးနဲ့ခပ်ပြီးပေးတော့
မြည်းကြည့်တယ်။ မားက လျှာပေါ်မှာ အရသာခံနေရင်းငြိမ်နေတယ်။ ရှောင်းကျန့်ကတော့ ဂိမ်းစော့နေတဲ့ကလေးတစ်ယောက်လိုပဲ အရမ်းစိတ်လှုပ်ရှားနေလွန်းတယ်။ခနအကြာတော့ မားဆီမှ လက်မထောင်ပြတော့ ရှောင်းကျန့်ရင်ထဲ အပူလုံးကြီးကျသွားတယ်။
"သားရှောင်း ဟင်းရည်ကအရမ်းကောင်းလွန်းတယ်
ရှောင်းရှောင်းလေးက ဟင်းချက်လည်း တော်လွန်းပါလား ""အာ ၀မ်မား ကျန့်ကျန့်က အဲ့လောက်လည်းမဟုတ်ပါဘူး"
"အို ဘာပဲဖြစ်ဖြစ် မားတော့ကြိုက်တယ် လက်ရာကတကယ်ကောင်းတယ်
သား၀မ် ဆို အခုနေ့ထမင်းစားကောင်းပြီ""ဟို လေ မောင် က ဟင်းချိုရည် လည်း ကြိုက်တာလား"
၀မ်မား ပြုံးပြီး ခေါင်းညှိမ့်လိုက်တယ်။
ဒီကလေးက သူသားကို တကယ်ချစ်တာဆိုတာ သူသိပါတယ်။"နံနံပင်လည်း အရမ်းကြိုက်တာသားရဲ့ "
"ဟုတ်မား ဒါဆို မောင်အတွက် ဟင်းချိုရည်ကို သီးသန့် နံနံပင် အုပ်ပေးလိုက်မယ်"
"အင်းကောင်းတယ် သား"
၀မ်မား ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
ရှောင်းကျန့် မားကို။"မားသွားနားတော့လေ ဒီဟင်းတွေအကုန် ကျန့်ကျန့် ချက်လိုက်မယ်"
"အင်း သားရှောင်း ဒါဆိုမားသွားပြီ "
"ဟုတ်မား"
YOU ARE READING
" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionလူတစ်ယောက်ကို စတွေ့ကတည်းကတစ်ဘ၀လုံးစာ ချစ်မိလိမ့်မယ်လို့ မထင်ခဲ့မိဘူး