-20-

2K 169 9
                                    

ရှောင်းကျန့် သတိရလာတော့ သူနဲ့မရင်းနှီးတဲ့အခန်းတစ်ခန်း
ပြီးတော့ သူနှုတ်ခေါင်းထဲအလုအယက်၀င်လာတဲ့ ဆေးရနံ့တွေ။

သူငုတ်တုတ်ပိုတ်ထိုင်လိုက်တော့ ဆစ်ကနဲကိုက်တက်လာတဲ့ခေါင်း။
ကိုက်နေလွန်းလို့ လက်တစ်ဖက်က ခေါင်းကိုခပ်ဖွဖွထုတယ်။
အားတဲ့ ညာဘက်လက်နဲ့ ထုဖို့ပြင်တော့ ဆေးချိတ်ထားတာကြောင့် မရ။

ဟူး ...

မောင်အခုအချိန်ဆို တစ်ခြားလူအပိုင်ဖြစ်နေလောက်ပြီ။

ချက်ချင်းတန်း၀ဲတက်လာတဲ့မျက်ရည်တို့ကို မသုတ်ပဲ ဥပေက္ခာပြုထားလိုက်တယ်။
မောင်ဟာ သူမပိုင်တော့တဲ့ တစ်ခြားလူအပိုင်ဆိုတာကြီးကိုတွေးပြီး အဲ့ဒီအတွေက သူကို နှိပ်စက်နေပြန်တယ်။

ထိုအချိန်ပဲ သူအနားကိုရောက်လာတဲ့ ပါးနဲ့မား

"သားကျန့်လေး ဘယ်လိုနေသေးလဲ သားလေး"

"သားခေါင်းနည်းနည်းကိုက်နေသေးတယ်"

ခေါင်းလေးကိုင်ကာပြောလာတဲ့ သားကြောင့်စိတ်ကမကောင်း။

"အင်းလေ နည်းနည်းကိုက်မှာပေါ့ သားက အရမ်းငိုထားတာကို!"

"ဟုတ်"

ရှောင်းကျန့်ပြောပြီး မားရဲ့ခါးကို လက်တစ်ဖက်နဲ့ဖက်ကာ မားရင်ခွင်ကိုကလေးလေးလို မှီလိုက်တယ်။

မားက ရှောင်းကျန့် ဆံပင်အိအိလေးတွေကိုထိုးဖွးပြီးပွတ်သက်ပေးနေတယ်။

"သားမေ့လဲသွားတော့ မားအရမ်းစိတ်ပူသွားတာ သားတစ်ခုခုများဖြစ်သွားပြီလာလို့"

"စိတ်ပူစေမိလို့ မားကို တောင်းပန်ပါတယ်"

"ရတယ် သားကျန့် ထမင်းမစားတော့ ခုခံအားနည်းပြီး မူးလဲသွားတာ ကျန်တာဘာမှမဖြစ်ဘူး "

"ဟုတ်"

ရှောင်းကျန့် မားပြောနေတာလေးတွေကို ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့နားထောင်နေတယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ရှောင်းပါးကတော့ သူမိန်းမနဲ့သား
ကိုကြည့်ပြီး ခပ်ဖွဖွပြုံးတယ်။

"ဒါဆို သားမေ့နေတာ 2ရက်ရှိပြီပေါ့"

"အင်း သားကျန့်လေး မားကလေးလေး အိပ်ပျော်နေတာ 2ရက်တောင် မားတော်တော်ကြီး စိုးရိမ်ခဲ့တာ တစ်ခုခု ကိုယ်မာ ၀င်တာမျိုးတွေ"

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now