-15-

2.2K 149 17
                                    

ရှောင်းကျန့်အခု မောင် ဂျပန်ကနေပြန်လာတာကြောင့်
လေဆိပ်လာကြိုခြင်းဖြစ်တယ်။

အခုနေ့အတန်းမတက်ဘဲ မောင်ကိုတွေ့ချင်လွန်းလို့ကိုမနက်အစောကြီးလာကြိုတာ။
မောင်နဲ့ဝေးကွာနေတာ1ပတ် ရှိပြီဖြစ်လို့ မောင်ကို လွမ်းနေမိသည်။

သူ၀န်ခံပါသည် မောင်မရှိလျှင်မနေတက်ပါ မောင်ရဲ့အရိပ်တကြည့်ကြည့် ဂရုစိုက်နေတဲ့ မျက်၀န်းတွေကို သူလွမ်းသည်။

မောင်သာ သူအရှေ့ရောက်ရင် လွမ်းရတဲ့ 1ပတ်စာ ကို မောင်ကိုအကြာကြီးဖက်ထားချင်မိသည်။ မောင်ရဲ့ နွေးထွေးတဲ့ ရင်ခွင်ကြီးထဲတိုး၀င်ချင်မိသည်။

ရှောင်းကျန့် weibo သုံးရင်း မောင်ကိုသာ ထိုင်စောင့်နေတော့တယ်။

5မိနစ်လောက်ကြာတော့ လေယာဥ်ဆိုက်လာပြီးဆိုပြီး သတိပေးသံကြောင့် ရှောင်းကျန့် အမြန်ထပြီး ခါးမက်ကနေနဲနေကာ။

လေယာဥ်ပေါ်က ဆင်းလာမဲ့ မောင်ကို လိုက်ကြည့်နေမိတယ်။
သူများတွေအသီးသီး ဆင်းလာပေမဲ့ မောင်ကို မတွေ့တာကြောင့် လေယာဥ်အနားအထိ လိုက်ရှာဖို့ ထွက်လာချိန်။

လူအုပ်ကြား အနောက်ကနေ အနောက်တိုင်းအင်္ကျီအနက်နဲ့
Luggae ကို လက်တစ်ဖက်က ကိုင်ပြီး
လက်တစ်ဖက်က ဘောင်းဘီအိပ်ကတ်ထဲ လက်ထိုးထည့်ထားတဲ့ မောင်ပုံစံက အရမ်းကို မိုက်လွန်းတယ်။
Sugar daddyတွေပုံစံမျိုး !

ရှောင်းကျန့် ကို မောင်ကမြင်တော့ လက်လှမ်းကာပြီး အချက်ပြတယ်။
ရှောင်းကျန်းလည်း မောင် ကို ခေါင်းညှိမ့်ပြပြီး မောင်ဆီပြေးသွားမလို့ဟန်ပြင်တုန်း မောင်လက်မောင်းကို လာချိတ်တဲ့ လက်တစ်စုံ။

မောင်နဲ့ vc ပြောတုန်းက သူကြည့်မရတဲ့ မိန်းကလေး
နေပါဦး အဲ့ကောင်မလေးက ဘာလိုက်လုပ်တာလည်း??
နောက်ပြီး ဘာလုပ် မောင်လက်ကို ချိတ်ထားရတာလည်း။

ရှောင်းကျန့်မောင်ဆီမသွားတော့ဘဲ မောင်လက်ကို ချိတ်ထားတဲ့ ဟိုမိန်းကလေးလက်ကိုပဲ အသက်မပါသလို ငေးစိုက်ကြည့်နေတယ်

မိန်းကလေးမျက်နှာပေါ်ကအမူအယာပြောင်းလဲသွားသည်ကိုတော့ရှောင်းကျန့်မတွေ့လိုက်!

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now