-19-

2.6K 192 48
                                    

"မင်းဘာလို့အခုလို လုပ်ရတာလဲ ရှီမီ!"

"၀မ်ကလည်း လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာလေ"

မထီမဲ့မြင်ပြောကာ ရှီမီ အရှေ့က အချိုရည်ခွက်ကို သောက်နေတော့တယ်။
၀မ်ရိပေါ်မှာ ဒေါသထွက်လွန်းလို့ အံ့ကိုကြိုတ်ထားရတယ်။

"ဖိုးဖိုး၀မ်ကိုယ်တိုင်က စီစဥ်တာလေ ၀မ်ရဲ့ ဒို့လည်း ၀မ်ကိုသဘောကျနေလို့ ဒီကိစ္စကို မငြင်းတာလေ"

အေးအေးလူလူပြောလာတဲ့ရှီမီကြောင့်
ရိပေါ်သူကိုယ်သူလက်မလွန်အောင်ထိန်းထားရတယ်။
ဒီမိန်းမ တော်တော်ရိုက်သတ်ပစ်ဖို့ကောင်းလွန်းတယ်။

"ငါတော့ လက်မခံနိုင်ဘူး"

"၀မ်လက်မခံနိုင်လည်း ရတယ်လေ မကြာခင်မှာ ၀မ်က ရှီမီရဲ့တစ်ဦးတည်းပိုင်တဲ့အမျိုးသားဖြစ်တော့မယ် "

"တောက်စ့် မင်း!"

ရိပေါ် အလုပ်တွေ မအားတာကြောင့် ပေါင်ပေ့ဆီကိုမသွားဖြစ်၍ အခုနေ့ ပေါင်ပေ့ကြိုက်တဲ့ မုန့်လေးတွေနဲ့အရုပ်တွေ၀ယ်ပြီး ပေါင်ပေ့ဆီသွားမလို့ရှိသေး

သူရုံးခန်းကို ပိုင်စိုးပိုင်နင်းနဲ့၀င်ရောက်လာပြီး သူတောင်မသိသေးဘဲ သူသဘောတူညီမှုမရှိသေးတဲ့ မင်္ဂလာဆောင်ဖိတ်စာကို အရှက်မရှိရိုက်လာတော့တယ်။

ဖိုးဖိုး၀မ်သည်လည်း သူရဲ့ စိတ်သဘောထားကိုထည့်မတွက်ဘဲ လုပ်ချင်ရာသာတဇွတ်ထိုးလုပ်ချသည်။
ပါးနဲ့မားကို ရိပေါ်မကြောက်ပေမဲ့
ဖိုးဖိုး၀မ်ရဲ့ အမိန့်ကိုလည်းမလွန်ဆန်နိုင်။

သူအပြတ်ငြင်းထားသည်ကိုလည်း ဖိုးဖိုး၀မ်သိပါရဲ့နဲ့အခုလို လုပ်တာကြီးက သူအပေါ်ကိုညှာတာမှုမရှိ။
မြေးကို ကောင်းစားစေချင်လို့ဆိုတဲ့ခေါင်းစဥ်လှလှလေးအောက်ထိုးသွင်းပြီး  သူကို သူ...

ရိပေါ် လွန်ခဲ့တဲ့ရက်အတွင်းမှ ရှီမီအကြောင်းကို သူလျှစ်၀ှက်သက်တော်စောင့်ကို စုံစမ်းခိုင်းထားတဲ့အချက်အလက်တွေရလာခဲ့တယ်။

ဒီမိန်းမကတကယ်မြွေဟောက်မ!

ရိပေါ် ပေါင်ပေ့ဆီကို သွားဖို့ပြင်ပေမဲ့ ဖုန်းက ၀င်လာပြီး ရှီမီပါ တစ်ခါတည်းခေါ်လာဖို့ ဖိုးဖိုး၀မ်ကလှမ်းဖုန်းဆက်သတိပေးပြောတာကြောင့်

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now