အခန်း-(၄)မတ်လ အပိုင်း-(၅)

22 4 0
                                        

(ယခုပါ အကြောင်းအရာများသည် လူမျိုးရေခွဲခြားခြင်း၊ ဘာသာရေးခွဲခြားခြင်းများနဲ့ မဆိုင်ပါ၊
တလရ၌ KIA,KNU,AAစသည့် လက်နက်ကိုင်တိုင်းရင်းသားများက ပါဝင်ခဲ့သည်က မှန်ပါသော်လည်း ကျွန်ုပ်သည် အချို့၏ လုပ်ရပ်များအားလေ့လာမိသလောက်ထည့်သွင်းရခြင်းဖြစ်ပါသည်။)

‌သပိတ်များသည် အစကလောက်တော့ လူအင်အားမများတော့။ ဟိုတကွတ်ဒီတကွတ်။

သို့သော် ကျောင်းသားများ ကိစ္စသည် တဖြေးဖြေး နိုင်ငံကျော်လာပြီ။ မန္တလေး၌လဲ မတ်လ ၂၉ရက်နေ့ကပင် သပိတ်ကြီးဖြစ်သွားခဲ့သေးသည် မဟုတ်ပါလား။

ရန်ကုန်၌တော့ နေ့စဉ်သပိတ်ဖြိုခွင်းမှုများရှိသော်လည်း သပိတ်ပါ လူငယ်များက အလွန်ဆုံးမှာ၃၀ကျော်။

မဟော်သူရလဲ ယခုအခါ ရန်ကုန်၌မရှိ။ ဖမ်းဝရမ်းအထုတ်ခံရသဖြင့် သန်လျင်သို့ရှောင်ပြေးရသည်။ ထိုသန်လျင်မှာ့တဆင့် မုတ္တမ၊ မုတ္တမမှာ့ တဆင့် တနင်္သာရီ၊ တနင်္သာရီမှာ့ မြောက်ဦး၊ မြောက်ဦးမှာ့ ချင်းပြည်နယ်၊ ထိုချင်းပြည်နယ်မှာ့နေ၍ ဘင်္ဂလားဒေ့ရ်ှ အထိ ထွက်ပြေးခဲ့ရသည်။

ထွက်ပြေးရာ၌ မဟော်သူရ တစ်ဦးတည်းမဟုတ်၊ သမဂ္ဂကျောင်းသားများလဲပါဝင်သည်။ အချို့မှာ လမ်းခရီး၌ အသက်သေဆုံးခဲ့ကြရသည်။

ဘင်္ဂလားဒေရှ့်သို့ရောက်သွားလေပြီမလို့ မည်သည့် စစ်၊ရဲကမျှ မဖမ်းနိုင်ချေ။

မဟော်သူရသည် ‌ချင်းဘက်ရှိ KIAတပ်သားများ၏ ကျေးဇူးနှင့် ထိုင်း-မြန်မာနယ်စပ်သို့ မန္တလေးအားဖြတ်၍သွားခဲ့ရသည်။

တစ်လအတွင်း၌ မဟော်သူရမှာ နိုင်ငံရေးသမားဟုသည်။ တော်လှန်ရေးသမားဟုသည် အား သိနားလည်ခဲ့ရသည်။

"ဒီလိုလားဗျ" မဟော်သူရက အံ့ဩစွာမေးလိုက်သည်။

သူ‌မြင်နေရသည်က တားမဝင် ဘိန်းစိုက်ခင်းကြီးများ။ ထိုဘိန်းစိုက်ခင်းကြီးများ၏ ပိုင်ရှင်က KIAထဲမှာ ဗိုလ်တစ်ဦးဖြစ်သူ၏ စိုက်ခင်း။
ထိုစိုက်ခင်းများအား KIAတပ်သားအချို့က စောက်ရှောက်ရသည်။ ထိုဘိန်းများမှာနေ၍ ထိုင်းမြန်မာနယ်စပ်မှာပ ရွှေရောင်တြိဂံဒေသ၌ ပျံ့ပွားစေသည်။

ရောင်နီ(၁၉၈၈) Where stories live. Discover now