အခန်း-(၅)ဧပြီလ အပိုင်း-(၄)

22 2 0
                                        

ခါတော်‌မှီ မေမေလဲ ပြန်၍သွားခဲ့ပြီ။

ရန်ကုန်၌ အခြေအနေတစ်ခုသည် ဧပြီလကုန်၌ဖြစ်ခဲ့တော့သည်။

ပုံမှန်အတိုင်းသပိတ်များ ကျင်းပသည်။ ဤသပိတ်များသည် မည်သည်အချိန်အထိရှိနေဦးမည်နည်း။

အဖြေကရှင်းသည် မဆလပါတီပြုတ်ကြသည်အထိ‌၊

ဤသို့နှယ် အရေးခင်းစတင်ရာမှာ နှစ်လ‌ပြည်တော့မည်။ လူအသေအပျောက်များက ကိုဖုန်းမော်ကျဆုံးပြီးနောက်မရှိသေး။

ယနေ့သမဂ္ဂအစည်းဝေခေါ်သည်။ ပုံမှန်အတိုင်း၄လတစ်ကြိမ်ခေါ်သည်။

ယခုအခါ အဖွဲ့ဝင်အသစ်များစွာပါဝင်သည်။ သမဂ္ဂ၌ အမည်ဝှက်နှင့်ရုပ်ဖျက်ကာ ကျောင်းဆရာများလဲ ပါဝင်ကြသည်။ ပရော်ဖက်ဆာများလဲပါဝင်သည်။

"ဟုတ်ကဲ့ ဒီ‌ကနေ့ အစည်းဝေက ၄လတစ်ကြိမ်အစည်းဝေးပေါ့နော်၊

အခုတလော နိုင်ငံရေးက လှုပ်လာတယ်ဗျ၊ ဒါဟာကောင်းမွန်တာမဟုတ်ပေမဲ့ တစ်ခုလိုခြင်တစ်ခုပေးဆပ်ရမှာပေါ့ဗျ။

ဒါအပြင် တဘောင်တွေထူးထူးဆန်း‌ဆန်းပေါ်နေတယ်။

အဖေခြေရာသမီးနင်းတို့၊ နှင်းဆီဝေအလာ ဒီမိုကရေစီအပါတို့၊ နှင်းဆီတစ်ခက် သေနတ်တစ်လက်တို့၊

ဒါတွေအပြင် အရေးကြီးဆုံးက ခေါင်းမင်းတဆူမီးလိုပူ၊ မမျိုးမနွယ်ဤနေသန်၊ မမင်းယမင်းထိုယမင်း၊ ကျော့ကျော့လေးနဲ့ကနေလေ။ ကကျော့ရာမှာ လမ်းပြောင်းလာ၊ သူဘဝလေးဆိုးသွားတာ

ဆိုတဲ့ တဘောင်အရ အမျိုးသမီးတစ်ဦးပေါ်ပေါက်ပြီး နိုင်ငံကိုဦးဆောင်မယ်ပေါ့ အယ်ဒါပေမဲ့ အဲ့အမျိုးသမီးက ဘယ်သူဘယ်ဝါမသိပါဘူး။

တဘောင်ဆိုတာလဲ မှန်တာရှိသလိုမမှန်တာလဲရှိတော့ လုံးဝကြီးမဟုတ်တောင် နည်းနည်းတော့မယုံနဲ့ဗျ၊

ဘာဘဲဖြစ်ဖြစ် အဲ့အမျိုးသမီးမလာခင်အထိ ကျုပ်တို့တွေ အဓိကရုဏ်းတွေလုပ်ရမယ်၊"

ကျောင်းသားခေါင်းဆောင် ကိုဘချစ်က ဆိုသည်။ ထောင်တွင်း၌ ဗုံးပေါက်မှုမှာ့လွှတ်လာပြီနောက် ကိုဘချစ်က လူသိများလာသည်။

ရောင်နီ(၁၉၈၈) Donde viven las historias. Descúbrelo ahora