အခန်း-(၅)ဧပြီလ အပိုင်း-(၃)

21 3 0
                                        

ရွှေတိဂုံ၏ ရင်ပြင်ဝယ် အင်္ကျီအဖြူနှင့် ကောင်ငယ်လေးက ရောင်ချာချာ၊

"ဟင် သပိတ်မှောက်တဲ့သူတွေရော"

ခဏအကြာ၌ အင်္ဂါထောင့်၌ ယောပုဆိုး၊ တိုက်ပုံအညို၊ အတွင်း၌ အပြာနုရောင်လက်ရှည်နှင့်
အရပ်ရှည်၍ ရင်အုပ်ကားသော ဆံနွယ်အရှည်များနှင့် အသားညိုသော ကောင်လေးတစ်ဦးအား ခါတော်မှီတွေ့လိုက်သည်။

"ကို!"

ခါတော်မှီ၏ ချစ်ရသူ မဟော်သူရ၊ လွန်ခဲ့သော လပိုင်းများ၌ အရပ်မပုမရှည်၊ ဆံပင်တိုတိုနှင့် ရင်အုပ်ကားရန်မပြောနှင့် ဗလပင်မရှိသော မဟော်သူရမှာ ဤလလေးအတွင်း၌ တကယ်ပြောင်းလဲခဲ့သည်။

"ခါတော်..... အင်္ကျီအဖြူကြီးနဲ့ပါလား"

"အင်းလေ ကိုဘဲ ညနေ ရွှေတိဂုံဆိုတော့ သပိတ်ထင်သွားတာလေ"

"ဟားဟား မဟုတ်ရပါဘူးဗျ၊ ကြည့်ရတာ ကောင်လေးတစ်ယောက်ကတော့ သူ့မွေးနေ့ကို မေ့နေပြီထင်ပါ့"

ထိုအခါမှာ့ ခါတော်မှီစဉ်းစားမိသည်၊ ဟုတ်သားဘဲ ဤနေ့က ဧပြီလ၊၂၇ ရက်နေ့၊

ခါတော်မှီ၏ အသက် ၂၃နှစ်ပြည့်မွေးနေ့၊

"လာ ခါတော် ဟိုမှာ ပိုက်ဆံလှူရအောင်"

"ဟုတ်"

ခါတော်မှီက ကြည်နူးစွာ လိုက်၍သွားသည်။
"ဟုတ်ကဲ့ ဘယ်လောက်လှူမှာလဲ"

"၁၅၀၀ပါ"

ဂေါပကရော ခါတော်မှီပါ မျက်လုံးပြူးသွားသည်။
ထိုခေတ်အဖို့၁၅၀၀ဆိုသည်မှာ ရွှေပင်ဝယ်လို့ရသည်။

"ခင်ဗျာ ၁၅၀၀ကျပ်လားဗျ"

"ဟုတ်ပါတယ်။"

"သာဓုဗျ သာဓု သာဓု သာဓု၊ ကဲ အလှူရှင်နာမည်က"

"မောင်ခါတော်မှီ"

"ခဏ"

ခါတော်မှီက တားလိုက်သည်။

"ဘာလို့လဲခါတော်"

"မဟုတ်ဘူးလေ ခါတော်မွေးနေ့မှာ ခါတော်က လှုရမှာလေ"

"မဟုတ်ဘူးလေ ခါတော်‌မွေးနေ့မှာ ကိုက ခါတော်အတွက်လှုပေးတာလေ"

"နိုး မရဘူး ဒီလိုလုပ် ကို၁၅၀၀၊ ခါတော်၁၅၀၀ နှစ်ယောက်ပေါင်းကောင်းမှု နောင်ဘဝ ရေစက်ပါတာပေါ့"

ရောင်နီ(၁၉၈၈) Tempat cerita menjadi hidup. Temukan sekarang