အခန်း-(၆)မေလ အပိုင်း-(၄)

25 1 0
                                        

မေ၁၀ရက်နေ့

ကားလေးတစ်စီးသည် မိတ္ထီလာသို့၊

"အဘိုးရေ.....သမီး အရောက်လာပါမယ်နော်"

မေရီက တည်းတိုးရေရွတ်လိုက်သည်။

မိတ္ထီလာမှာ့ ကြိုဆိုပါ၏ ဆိုင်းပုဒ်အားဖြတ်ပြီးနောက် ချစ်တီးစံအိမ်တော်ဆီသို့ မေရီ၏ ကားလေးဝင်သွားသည်။

စံအိမ်ကြီးမှာ ဗစ်တိုရီယားခေတ် အင်္ဂလိပ်လက်ရာပင်ဖြစ်သော်ညား မြန်မာဟန်အနည်းငယ်ပါဝင်သည်။

တစ်ချိန်က ခမ်းနားခန့်ဟန်ရှိသော စံအိမ်မှာ ယိုယွင်းပျက်စီးနေသည်။

မေရီက ပြုံး၍သာ အိမ်ထဲဝင်သွားလိုက်သည်။ အိမ်ထဲဝင်လိုက်သည်နှင့် လှေကားကြီးနှစ်ခုနှင့် ဟောခန်းကြီးအားတွေ့ရသည်။

ထိုဟောခန်းကြီးဘေး၌ အခန်းပေါင်း၆ခန်းရှိသည်။
ထိုဟောခန်းကြီးမှာ အပေါ်အား မေရီကြည့်လိုက်သော် မီးဆိုင်းလေးများ။

ဟောခန်းကြီးမှာ မဲမှောင်နေသည်။ သစ်ရွက်ခြောက်များ ဖုံများပြည့်နေသည်။ ဖန်ကွဲများရှိသည်။ ကြွေကွဲများရှိသည်။

ထိုနောက် မျက်ရည်များအားသုတ်၍ အခန်း၆မှာ့ Maryသိန္ဒိ ဟုသော အမည်တပ်ထားသည့် အခန်းထဲအားဝင်သွားမိသည်။

အခန်းလေးဤ အိမ်အပြင်အား စွန်းထွက်နေသော ‌အဝိုင်းစက်စက် ပြတင်းပေါက်ကြီးရှိသည်။

ထိုပြတင်းပေါက်၏ လိုက်ကာ ပန်းစည်းရောင်မှာ မဲညစ်ပြဲနေလေသည်။

သူမ ကုတင်တစ်လုံးအား ကြည့်လိုက်မိသည် ဖုံအလိမ်လိမ်နှင့်။ ကျိုးပြတ်နေသည်။

ထိုနောက် ကျွန်းသစ်သားအဝတ်ဗီရိုကြီး။ ဗီရိုကြီးအား မေရီဖွင့်လိုက်ရာ

'ကျွီးးးးးးး'ဟုသော အသံကြီးမည်ဟည်းသွသည်။

ဗီရိုထဲ၌ မြန်မာထိုင်မသိမ်။ ပိုးထဘီ၊ ရင်ဖုံး။

မေရီ ပြုံးလိုက်သည်။ ထိုနောက် ပြုံး၍ အိမ်အပေါ်ထပ်အားတက်သွားသည်။

အပေါ်ထက်၌ ခမ်းနား‌ဆဲဖြစ်သော ဘုရားကျောင်းဆောင်။

‌ဘုရားကျောင်းဆောင်ထဲ၌ သပ္ပာယ်လှသော ဆင်းတုတော်နှင့် ပုလ္လင်တော်။

ရောင်နီ(၁၉၈၈) Wo Geschichten leben. Entdecke jetzt