အခန်း-၅) ဧပြီလ အပိုင်း-(၂)

19 3 0
                                        

နောက်တစ်နေ့မနက်၊ ဧပြီလ ၂၆ရက်နေ့။

ရန်ကုန် ရဲစခန်းအမှတ်(xx)သို့ ကျောင်းသားများ ဝိုင်းနေကြသည်။

"အဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊

ကျောင်းသားခေါင်းဆောင်ကိုဘချစ် လွတ်ပေးလွတ်ပေး၊

သိန်းဖေ မအေဘေး သိန်းဖေ မအေဘေး"

လုံထိန်း သိန်းဖေမှာ နာမည်နှင့်တပ်ဆဲခံရ၍ မကျေနပ်သော်လည်း လက်တုံ မပြန်ရဲ။

"သင်းတို့တွေတော့ကွ"ဟုသာ ဆိုနိုင်သည်။ သို့သော် အချို့ရဲများမှာ ထိုသို့မဟုတ်။

"ငထွေးဦးရော ဘစိန်" သိန်းဖေက မေးလိုက်သည်။

ရဲစခန်းဝန်းအရှေ့၌ သံဆူးများကာရန် လုပ်နေသော ဘစိန် မျက်နှာ ပျက်သွားသည်။

"ဟို...... သူ့သားလေး ဖျားနေလို့ပါ"

"ဟေ့ သူ့သားဖျားတာ သူ့မိန်းမကရော ဘာလုပ်နေတာတုန်း၊ သူ့မိန်းမကို ကြည့်ခိုင်းပြီး သူက တာဝန်လာစောင့်"

"ဟုတ်ဒါပေမဲ့.......သူ့သားလေးကို အပမိနေလို့ပါဆရာ"

"ဟေ"

ဦးသိန်းဖေမျက်လုံးကြီးပြူးသွားသည်။ ငထွေးဦးသား အပမိတယ်တဲ့လား။

အမှန်၌ ငထွေဦး၊ ဘစိန်၊ သိန်းဖေ၊ နောက်ထပ် ခင်ကြီးနိုင်၊ မြင့်‌သန်း၊ ဂဏန်းကျော်၊ စိန်လက်သီးနှင့် ပြာတီး တို့မှာ ရန်ကုန်၌ သပိတ်များစသည်ကတည်းက ကျောင်းသားများအား သတ်ဖြတ်ဖမ်းဆီးခဲ့သူများ။

ထို့အပြင် တံတားဖြူအရေးအခင်း၌ ဂဏန်းကျော်၊စိန်လက်တီးနှင့် ‌ငထွေးဦးတို့မှာ ကားမောင်း၍ ကျောင်းသားများအား ဖြတ်တိုက်ခဲ့သူများဖြစ်ကြသည်။

ရန်ကုန်မြို့၊ နတ်ဆရာတစ်ဦးထံ

"အတိတ်နမိတ် မကောင်းဘူးဟေ့! မြင်နေရတယ်၊ ကြားနေရတယ်၊ မကျေနပ်သံတွေ အင်းအင်း တယ်လဲ အပြစ်ကြီးတဲ့ကောင်ဘဲ။ အသက်ပါထိခိုက်မယ်တဲ့နော်"

မျက်လုံးမှိတ်ထားသော နတ်ဆရာကြီးက ဆိုသည်။

ငထွေးဦးမှာ ကြောက်ဒူးများထပ် သားဖြစ်သူအပေါ် စိတ်ပူမှုကဆိုးနေသည်။

ရောင်နီ(၁၉၈၈) Where stories live. Discover now