အခန်း-(၇)ဇွန်လ အပိုင်း-(၄)

43 1 0
                                        

(သတိပေးလွှာ ဤအပိုင်းတွင်ပါဝင်သော ဇာတ်ကောင်၏ အပြောအဆို အား အကျွန်ုပ်အနေဖြင့် သူ၏ မိန့်ခွန်းများပေါ်မူတည်၍ ရေးသားထားခြင်းဖြစ်ပါသည်။

ထို့အပြင် ဤ အခန်းသည် ကျွန်ုပ်၏စိတ်ကူးသက်သက်သာသာ)

ဇွန်လ ၃၀ရက်နေ့၊

"မင်းတို့ကို မနက်က တွေ့ရမယ်သူရှိတယ်လို့ပြောတယ်နော်"

စောခုံမှိုင်းက ပြောလိုက်သည်။

"ဟုတ် ဘယ်သူလဲ သူက"

ဂမ္မာက မေးလိုက်သည်။

"ဒေါ်အောင်ဆန်းစုကြည်"

မဟော်သူရနှင့်ဦးအေးဝင်းအပါဝင် အကုန်မျက်လုံးပြူးသွားကြသည်။

"ဟုတ်တယ် တစ်ချိန်က လွတ်‌လပ်ရေးရအောင်ယူပေးခဲ့တဲ့ ကျုပ်တို့ ရှမ်းတွေရဲ့လွတ်လပ်ရေးဖခင်ကြီး စဝ်စပ်ထွန်းနဲ့ အတူတူ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီး၃ဦးထဲက သမီး
အောင်ဆန်းစုကြည်"

ထိုနာမည်ကြားလိုက်သည်နှင့် အရှိန်အဝါတစ်ခုကထွက်ပေါ်လာသည်။

"သူကိုဘာလို့တွေ့ရမှာလဲ" မဟော်သူရက သိခြင်စွာမေးလိုက်သည်။

"ဒီလိုသူရ၊ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်မှာ မိုက်ကယ်အဲရစ်ဆိုတဲ့ သမိုင်းသုတေသီနဲ့ အိမ်ထောင်ကျနေရာကနေ မတ်လမှာ မြန်မာကို သူ့အမေ ဒေါ်ခင်ကြည်နေမကောင်းလို့ ပြန်လာတာမင်းတို့အသိပါ။

အဲ့ကတည်းက နိုင်ငံရေးသမားတွေကြားမှာ အလှုပ်အခတ်ရှိလာတယ်။ ဗိုလ်အောင်ဆန်းသမီးက နိုင်ငံရေးထဲဝင်မလားဆိုပြီး။

အဲ့တာကို စစ်တပ်ကလဲသိတယ်။ သူတို့ကလဲစောင့်ကြည့်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစကတော့ သာမန်ဘဲ။ ဒါပေမဲ့ နိုင်ငံရေးသမားတွေရဲ့ လှုံဆော်မှုတွေ၊ စစ်တပ်ရဲ့ဖိနှိမ်မှုတွေကို သူတွေ့တယ်ထင်တယ်။

အခုစလှုပ်နေပြီ၊ နိုင်ငံရေးသမား၊ စာရေးဆရာတွေနဲ့ လက်ခံတွေ့ဆုံနေတယ် ပေါ်တင်တော့မဟုတ်ဘူး။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဧည့်တွေ့ခံတယ်။ မင်းတို့တွေ သူနဲ့တွေ့ရမယ်။

ရောင်နီ(၁၉၈၈) Место, где живут истории. Откройте их для себя