Chapter 26

1.9K 136 21
                                    

ရှောင်းမင်းသား​​လေး​ပျောက်သွားသည်ဆို​သောသတင်းက ​မနက်လင်းတာနဲ့​ရှောင်းမြို့​တော်တစ်ခွင် ​လေနဲ့ပါ​လာ​သောသဲများလိုတဖွဲဖွဲပျံ့နှံ့သွားသည်။

မြို့​တော်မှကုန်း​​ကြောင်း​၊ရေ​ကြောင်း၊​​​​တောလမ်း အစရှိသည့်ထွက်​ပေါက်များကို စစ်တပ်သားများကပိတ်ဆို့ထားကာ မြို့​တော်တွင်းမှာ ​ရှောင်းမင်းသား​​လေးကိုရှာ​ဖွေသည်။
ထိုရှာ​ဖွေရေးကို အိမ်​ရှေ့မင်းကဦး​ဆောင်ထားသည်။အိမ်​ရှေ့မင်းသည် သူ၏မူပိုင်မြင်းဖြူကြီးကိုစီးကာ မြို့အတွင်းလှည့်သွား​နေသည်မှာအခါခါရှိ​နေပြီ။

ပထမဆုံးစ​ရှာ​တော့ လမ်းကြိုလမ်းကြားမကျန်ရှာသည်။ထို့​နောက် လမ်းရဲ့ထွက်​ပေါက်​တွေအကုန်ပိတ်ပြီးအိမ်ကြိုအိမ်ကြားရှာသည်။
ထို့​​နောက် တည်းခို​​ဆောင်၊​စျေးဆိုင်တန်း၊အိမ်အငှားတန်းလျား၊အပန်း​ဖြေ​ဆောင်၊ကုန်​လှောင်ရုံ၊မြစ်ဆိပ် စသည့်တစ်မြို့လုံးနှံ့​နေ​အောင်ရှာ​ဖွေ​လေသည်။
သို့​သော်.​ရှောင်းမင်းသား​လေး၏အရိပ်ကို​တောင်ဖမ်းလို့မမိခဲ့ပါ။

​ရှောင်းဧကရာဇ်မင်းသည်လည်း ​ရှောင်းမင်းသား​လေးကိုပြန်​တွေ့ခဲ့ရင် ​တွေ့သည့်သူကိုဆု​တော်လာဘ်​တော် ၁သိန်းချီးမြှင့်မည်ဟု​ကြေညာထားပြီး တစ်ဆက်တည်းပင်
​တွေ့ရှိ​ကြောင်းကိုထိန်ချန်ထားပါက ​သေဒဏ်​ပေးမည်ဟုလည်း​ကြေညာထား​သေးသည်။ဒါ​ကြောင့်ရှာ​ဖွေ​ရေးမှာ ပြည်သူ​အင်အားပါအများအပြားပါဝင်လာသည်။
ထိုပါဝင်လာသူများတွင် ဆုလာဘ်ကိုလိုချင်လို့ပါဝင်လာသူရှိသလို၊သူတို့မင်းသား​လေးကိုပြန်ရှာ​တွေ့​စေချင်​သောစိတ်ရင်းနဲ့ကူညီရှာ​ဖွေသူများလည်းရှိသည်။

​သို့တိုင် တစ်မြို့လုံးနှံ့​နေပြီးတာ​တောင်ပြန်မ​တွေ့၍အိမ်​​ရှေ့စံသည်လည်း​ခေါင်း​ခြောက်လျက်ရှိကာ တခြားပြည်နယ်များကိုလည်းအသွားအလာပိတ်ချလိုက်၏။
အဆိုးဆုံးက သူ,ညက​နောက်ကလိုက်သွားခိုင်းလိုက်သည့်တပ်မှုးနဲ့စစ်သည်တပ်စုကပါအစအ​န​ပျောက်သွားခြင်းပင်။ထိုတပ်မှုးကိုပြန်​တွေ့ပါက လမ်းစတစ်ခုခုရနိုင်သည်။
အခုကလုံးဝ​ပျောက်ခြင်းမလှ​​ပျောက်သွားခြင်းပင်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Où les histoires vivent. Découvrez maintenant