5

622 96 49
                                    

ဆောင်းဟွန်းက တစ်ဖက်လှည့်ကာ သူ့ကိုနောက်ကျောပေးထားသည့်ကောင်လေးအားကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

ဆောင်းဟွန်းက ဘာမှဆက်မပြောတော့ဘဲ လက်ပိုက်လျက်ထိုင်နေခဲ့ပြီး ဂျယ်ယွန်းကလဲ ‌ဆောင်းဟွန်းကိုကျောခိုင်းကာ နေနေသည်။

ခဏအကြာတွင် ဂျယ်ယွန်းက ဆောင်းဟွန်းဘက်သို့ပြန်လှည့်လာရင်း မေးလိုက်သည်။

"စီနီယာပတ်ခ်က ကျွန်တော့်လို သာမန်ညောင်ည အဆိုတော်လေးကိုဘယ်လိုများသိနေတာလဲ"

ဂျယ်ယွန်းက ပတ်ခ်ဆောင်းဟွန်းလို အကျင့်မကောင်းသည့်သူအား တကယ်ကို စီနီယာလို့မခေါ်ချင်ပေ။

သို့ပေမဲ့ တစ်‌ဖက်လူ၏ အဆင့်အတန်းက သူ့ထက် ဝါအရရော အရှိန်အဝါအရပါ မြင့်မားနေတာကြောင့် စီနီယာဟု ခေါ်ကိုခေါ်ရမည်ပင်။

ဆောင်းဟွန်းက သူ၏ ၀င့်ကြွားပြီး‌‌ေတာ်၀င်ဆန်သော မျက်ခုံးအား ယောင်ယောင်လေးပင့်တင်လိုက်သည်။

"မင်းမေးတိုင်း ကိုယ်က ဘာလို့ဖြေရမှာလဲ မဖြေချင်ပါဘူး အားအားယားယား"

ဂျယ်ယွန်း၏ မျက်နှာမှာ ဟန်မဆောင်နိုင်အောင် မဲ့သွားတော့သည်။

ဂျယ်ယွန်းအနေနဲ့ ဖြစ်နိုင်လျှင် ထို လက်ပေါက်ကပ်ပြီး ဇီဇာကြောင်သော သူ၏မျက်နှာ‌ေချာ‌‌ေချာအား တစ်ချက်လောက် ထထိုးချင်စိတ်ပါပေါက်မိသည်အထိပါ။

ဂျယ်ယွန်း၏ မျက်နှာအမူအရာကိုကြည့်ရင်း ဆောင်းဟွန်းက ဗီလိန်ဆန်စွာပြုံးလိုက်သည်။

"ဘာလဲ သိချင်တာမသိရတော့ စိတ်တိုနေတာလား ကိုယ့်အလှည့်တုန်းကကျ ချော့ပါဆိုတာတောင်မချော့ဘူးလေ အဲ့ဒီ့တော့ ကိုယ်လဲ မင်းမေးတာ မဖြေနိုင်ဘူး"

ဂျယ်ယွန်း ဘာပြန်ပြောရမလဲပင်မသိတော့ချေ။

ရုပ်ရှင်ဧကရာဇ်ကြီးက ဤမျှလောက် စိတ်သဘောထားသေးသိမ်ပြီး ကလေးဆန်တတ်မှန်း သူ့ဖန်တွေရော သိမှသိကြရဲ့လား။

"စီနီယာက နည်းနည်းတော့ စနောက်တတ်တာပဲ မထင်ရဘူးနော်"

ထိုစကားကြောင့် ဆောင်းဟွန်းမျက်၀န်းနက်တွေက မှန်းဆမရတဲ့အရိပ်အယောင်တွေပေါ်လာပြီး ဂျယ်ယွန်းအား စူးစိုက်ကြည့်လာသည်။

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now